သာယာလှပတဲ့နေရာလေးမှာ ကလေးလေးနှစ်ယောက်ပြေးလွှားဆော့ကစားနေသည်မှာ ပျော်ရွှင်ဖွယ်အတိ။ တစ်ယောက်လက်တစ်ယောက်တွဲကာ မျက်နှာလေးများထက်တွင်လည်း ကြည်နူးစရာအပြုံးလေးများ ဖန်တီးလျက်။
"နောက်နေ့လည်း လာကစားလှည့်ဦးနော် ငါစောင့်နေမယ်သိလား"
"အင်း"
"နေဦး မင်းနာမည်က?"
"Ah,chanyeol,Park chanyeol.မင်းနာမည်ကရော"
"ငါ့နာမည်က.............................."
*******
"Chanyeol ya,ထတော့လေ ကျောင်းသွားရဦးမယ်"အိမ်အောက်မှ baekhyun အသံပြဲပြဲကိုကြားပြီး နိုးလာခဲ့တယ်Chanyeol ခေါင်းကိုဖွရင်း စိတ်ရှုပ်စွာထိုင်နေမိတယ် ဟိုမနိုင်စိန် Baekhyun ကတော့ အိပ်ခန်းထဲတောင် ရောက်နေပြီလေ သူ့ပွစိပွစိသံကိုမကြားချင်တာနဲ့ ရေချိုးခန်းထဲသာ အမြန်ဝင်လာခဲ့လိုက်သည်။မဟုတ်ရင် ဟိုဟာလေးက ပုစဉ်းထက်ပင် နားညည်းပေလိမ့်မည်။
ရေချိုးခန်းထဲရောက်မှ ခုနကအိပ်မက်ကိုပြန်စဉ်းစားမိသည်။နေ့တိုင်းမက်သည်။သို့သော် ထိုကလေးလေးရဲ့ နာမည်သိရခါနီးရင်တော့ တစ်နည်းမဟုတ် တစ်နည်း နိုးလာတတ်တယ်။ဒါကိုပဲ သိချင်စိတ်ပြင်းနေမိတယ်။ငယ်ငယ်က korea မှာမွေးခဲ့ပေမဲ့ ၄နှစ်အရွယ်ကတည်းကပင် မိဘတွေဆုံးပါးသွားတာမို့ ဖိုးဖိုးနဲ့ LA ကိုလိုက်လာခဲ့ရတော့ korea မှာ အမှတ်တရ မရှိလောက်လို့ ထင်ခဲ့ပေမဲ့ အိပ်မက်အရ အမှတ်ရစရာရှိနေမည်လို့ထင်မိတယ်။ဒါ့ကြောင့် korea ကိုပြန်မယ်ပြောပေမဲ့ ဖိုးဖိုးက စိတ်မချဆိုကာ အထက်တန်းပြီးမှသာ သွားခွင့်ပြုမည်ပြောထားသောကြောင့် သည်းခံနေရသည်။ဒါမဲ့ ဒီနှစ်နောက်ဆုံးပါ ပြီးရင်တော့ penguin လေးကိုသွားတွေ့ပေမည်။သူ့နာမည်မသိသော်လည်း သူ့ပုံလေးက လုံးလုံးတစ်တစ်ချစ်စရာလေးမို့ penguin လို့ပဲ မှတ်ထားလိုက်တယ်။ငါ မင်းဆီကို လာခဲ့တော့မယ် penguin ရေ စောင့်နေနော်
![](https://img.wattpad.com/cover/156066466-288-k242465.jpg)
YOU ARE READING
ခါးသက်ခြင်းမှ ချိုမြိန်ခြင်းဆီသို့
عاطفيةMain characters Oh Sehun Do Kyungsoo Park Chanyeol Byun Baekhyun