အချိန်ကမနက်၈ နာရီနေရောင်က ပြတင်းပေါက်ကနေဖြာကျပေမယ့် စောင်ခေါင်မြီးခြုံထားတဲ့ ထိုကလေးမကတော့ တုပ်တုပ်မှမလှုပ်...
ဒေါက်...ဒေါက်...ဒေါက်...
" မိသွန်း ရေ ကျောင်းသွားရမယ်လေ ထတော့"
တစ်ခါနိုးယုံနှင့်ရသည့်သူမဟုတ်..
"ဟဲ့ မိသွန်း ထတော့လို့ပြောနေတယ်လေ"
နှစ်ခါနိုးရင်ရော ရမယ်လို့မထင်..
"မိသွန်း နိုးနေတာမကြားဘူးလား ထတော့"
သုံးခါမြောက်ဆိုလည်း ထူးကိုမထူး..
"သွန်းသဒ္ဓါထက် ဒီဒီ ကိုဒီအတို်င်းအလုပ် သွားလို့ပြောလိုက်ရမလား?"
အဲ့ဒီအခါကျမှ အိပ်ချင်မူးတူးစောင်ခေါက်ထဲကနေ ငေါက်ခနဲထားပြီး အက်ကွဲကွဲအသံနှင့်..
"မေမေ ဒီဒီ့ ကိုခဏစောင့်လို့ပြောပေး !
လုံးဝမသွားခိုင်းနဲ့နော်!""တကယ်တည်း သူများကိုလာခိုင်းထားပြီး သေနေရတယ်လို့ မြန်မြန်လုပ် 15 minuteထက်ကျော်ရင် သွားခိုင်းလိုက်တော့မှာ"
မိခင်ကြီးရဲ့ချိုသာလှစွာသော ကြိမ်းမောင်းသံ
ကြောင့် ရူပ်ထွေးနေတဲ့ဆံပင်တွေကို တစ်ချက်သပ်ကာ ရေချိုးခန်းထဲသို့ သွန်း ပြေးရတော့သည်..💭ကျွတ်စ် ဒီဒီ နဲ့အတူကျောင်းသွားပါမယ်ဆို
နောက်က ကျပြန်ပြီ Make-up သေချာမပြင်ရတော့ဘူး💭🛀🛀🛀🚿🚿🚿
>>>>>At Guest Room;>>>>>
"ဒီဒီ ရယ်နောက်နေ့တွေ သူ့ကိုလာမခေါ်နဲ့တော့ ! အလကား အချိန်မလေးစားဘူး !
အလိုသိပ်မလိုက်နဲ့ ! ""ရပါတယ် မေမေလေး ! သမီး မှာအလိုလိုက်စရာဆိုလို့ Baby ပဲရှိတာကို ! "
"သမီးက အလိုလိုက်လေသူကပိုဆိုးလာလေပဲ!
ပြီးတော့ သမီးက အလုပ်တစ်ဖက်ကြီးနဲ့ ကျောင်းအပို့အကြို လုပ်ခိုင်းတာကို မေမေမကြိုက်ဘူး!"