Ep-2

6.3K 339 14
                                    

"​ခေ​တ်​ အလုပ်​ချိန်​ Phမသုံးသင့်​ဘူး​နော်​"

"​တောင်းပန်​ပါတယ်​ Boss "

သူ့Baby ဆီMessageအပြန်​အလှန်​ပို့​နေရင်း သူ့Boss ​ကြောင့်​ ​ဒီဒီ Phအမြန်​သိမ်းလိုက်​ရသည်​...

"နှစ်​​ယောက်​တည်းဆို ရိပ်​ လို့​ခေါ်ပါဆို(Pout) "

အမြဲတမ်း ခပ်​တည်​တည်​ ခပ်​တန်းတန်း​နေတဲ့
မဟူရာရိပ်​ ဆိုတဲ့ သူမBossဟာ ဒီဒီ ​ရှေ့​ရောက်​ရင်​ က​လေးဆန်​တဲ့ အမူအရာ​တွေကထွက်​လာမြဲ...

ဒီဒီ နဲ့ ရိပ်​​ က အသက်​အတူတူ သို့​သော်​ ဒီဒီ က လပိုကြီးသည်​ ဒီဒီ အလုပ်​ဝင်​ပြီး1နှစ်​မှာပဲ ရိပ်​ ​ဖေ​ဖေက ရိပ် ကို Company လွှဲ​ပေးကာ CEO
လုပ်​ခိုင်း​တော့ ဘာမှမသိနားမလည်​တဲ့ ရိပ်​ ကို
ဒီဒီ က အကုန်​သင်​​ပေးပြီး နှစ်​​ယောက်​သား ခင်​မင်​မှုရှိလာသည်​ Companyတစ်​ခုလုံးက​ ​ပြောရ​လောက်​​အောင်​ ရိပ်​ က ဒီဒီ့ ကို အ​ရေး​ပေးဆက်​ဆံလွန်းသည်​...

"​ယောင်​သွားလို့်​ပါ "

"ထားပါ​တော့ ဘာ​တွေအ​ရေးတကြီး Phသုံး​နေတာလဲ ?"

"ဘာမှမဟုတ်​ပါဘူး ဒီအတိုင်းပဲ "

"ဒီအတိုင်းသာ​ပြောတယ်​ ​ခေတ်​ မျက်​နှာက ပြုံး​နေတာပဲ "

"ပြုံးမိသွားတာလား ?(Smile)"

"ချစ်​သူ ဓာတ်​ပုံကိုကြည့်​ပြီး ကြည်​နူး​နေတာလား?"

ရိပ်​ ကဒီအတိုင်းသက်​သက်​စလိုက်​​ပေမယ့်​ သူ​မျှော်​လင့်​သလို ဒီဒီ့ စကားက အငြင်းမဟုတ်​ခဲ့...

"သူ msgပို့ပြီး ချွဲ​နေလို့ (smile)"

ရိပ်​ မျက်​နှာ​လေး မသိမသာ ပျက်​ယွင်းသွား​ပေမယ့်​ ချက်​ချင်းပြန်​ပြုံးကာ...

"​ခေတ်​ မှာ ချစ်​သူရှိတာ ရိပ်​ ကိုမ​ပြောမိဘူးထင်​တယ်​ "

"စကားမကြုံ​သေးလို့ မ​ပြောဖြစ်​တာပါ "

"​နောက်​ကြုံရင်​ ​ခေတ်​ ချစ်​သူနဲ့မိတ်​ဆက်​​ပေးဦး"

ဘေဘီရဲ့မ​ဟေသီWhere stories live. Discover now