Ep-19

2.9K 265 24
                                    

"သမီး သွားနားလိုက်​​တော့​လေ !​ဖေ​ဖေ သက်​သာ​နေပါပြီ!"

"ရိပ်​ ကိုစိတ်​မပူပါနဲ့​ဖေ​ဖေရဲ့!​ဖေ​ဖေ သက်​သာ​အောင်​သာ​နေ​နော်​!"

"သမီး အိပ်​​ရေးပျက်​တာ3ရက်​ရှိပြီ​လေ! ခဏ​နေ သွန်း​လေး တို့လာရင်​ သွားနား​တော့​နော်​!သမီးကိုကြည့်​ရတာ ပင်​ပန်း​နေပြီ!"

"သမီးပင်​ပန်းတာထက်​ ခုလို​ဖေ​ဖေ ​နေမ​ကောင်းတုန်း သမီးရင်းက အနားရှိတာပို​ကောင်းမှာ​ပေါ့!ပြီး​တော့ သွန်း က က​လေး​လေ!မလုပ်​တတ်​ မကိုင်​တတ်​နဲ့!"

"စိတ်​မပူပါနဲ့ ! သွန်း ​မေ​မေလည်းရှိမှာပဲကို!​တော်​ကြာ ​လူနာ​စောင့်​ရင်း သမီး​လေး လဲသွားမှာစိုးလို့!​ဖေ​ဖေ့ စကားကိုနား​ထောင်​​နော်​!"

"ဟုတ်​ကဲ့ပါ!​နေ့လည်​သွားနားလိုက်​မယ်​!ရိပ်​ ည​နေဘက်​​တော့ ပြန်​လာမှာ​နော်​!"

"အင်းပါ!​နေ့လည်​ နှစ်​နှစ်​ခြိုက်​ခြိုက်​သွားအိပ်​လိုက်​!​ဟော ​ပြောရင်းနဲ့ သွန်း​လေး တို့လာပြီ!"

"​ဖေ​ဖေ သက်​သာလား?"

"အင်း သက်​သာတယ်​သမီးရဲ့!Aww ​သမီး​ခေတ်​ လည်းပါလာတာကို!"

"​ဒီဒီ​လေး ကဟို​နေ့တည်းက ရှင့်​ကိုကြည့်​ဖို့ ​ရောက်​လာတာ!"

"Uncle သက်​သာရဲ့လား?"

"အင်း သက်​သာသွားပြီ !aww ခုမှ​ရောက်​လာတာဆို​ပေမယ့်​ ​ခေတ်​ ကိုအကူညီတစ်​ခု​တောင်းလို့ရလား?"

"​ပြော​လေ Uncle?"

"​ခေတ်​ ရဲ့Boss ကိုအိမ်​လိုက်​ပို့်​ပေးလိုက်​ပါ!မဟုတ်​ရင်​ မပြန်​​တော့ဘူး!"

"ဟုတ်​ကဲ့ စိတ်​ချUncle!​သေချာ ပို့​ပေးလိုက်​မယ်​!"

"​ခေတ်​ သာ​ယောက်​ကျား​လေးဆို ဘယ်​​လောက်​​ကောင်းမလဲ​နော်​ မိန်းမ?ငါတို့ရဲ့ ဘုဂလန့်​ အ​ကြောတင်းတဲ့ သမီးကြီးနဲ့​ပေးစားလို့ရတာ​ပေါ့!Ha Ha!"

ပျော်​​စေပြက်​​စေ​ပြောလိုက်​တဲ့ စကားဆို​ပေမယ့်​ ရိပ်​ တစ်​​ယောက်​တည်း ပြုံးနိုင်​​ပေမယ့်​ လူနှစ်​​ယောက်​က မ​ပျော်​နိုင်​....

ဘေဘီရဲ့မ​ဟေသီWhere stories live. Discover now