Anpanman

369 37 11
                                    

ကျောင်းထဲတွင်..ဖူးပွင့်နေတဲ့ ရောင်စုံပန်းခင်းကြီး
ရှေ့ခံကာ ကျောင်းတော်ကြီးမှာ
စိမ်းစိုကာ လှပနေလေရဲ့

အခန်းနားဆုံးနှင့် ကျောင်းစရိတ်တွေ ကြီးလှတဲ့
ထိုကျောင်းလေးထဲတွင် အမွှာညီအကို ၇ယောက်
တက်ရောက်နေလေသည်...

တနေ့နံနက်ခင်းတွင် ကျေင်းသူလေး
တစ်စုမှာ..စကားများအခြင်းရယ်မောကာ..
စာကြည့်တိုက်ထဲသို့ ဝင်လာလေသည်..

ထို ကျောင်းသူလေးတစ်စုထဲတွင်..ရုပ်ရည်ချောမောကာ
တစ်ကျောင်းလုံးကျောင်းသူများထဲမှ အလှဆုံးနံပါတ်1ကြယ်ပွင့် ကလေးဖြစ်နေလေရဲ့..

အုပ်စုထဲတွင် သူမဘ်းလောက်လှကြောင်း..မည်သို့
ချမ်းသာကြောင်း အမြဲတမ်းပြောတက်လေ့ရှိသည်

သူမ၏ အဖော်အရှေ့များတွင်လည်း..အရှက်တကွဲ
နှင့်လုပ်ရပ်ကိုလည်းမလုပ်ပဲ ဟန်မပျက် မည်သူနှင့်
မျှအရောမဝင် ဝင့်မော်ကြွားကာ မာနကြီးသတဲ့...

သူမ..အဖော်များနှင့် စာအုပ်ရွေးကာ တောင့်ကျသော
စာပွဲလေးထံ သူမအဖော်များနှင့် ရွေးထိုင်လ်ုက်သည်

သူမစာအုပ်ကိုဖွင့်ကာ..ထိုင်ခုံတွင် ထိုင်ချလိုက်တော့

အားးးးးး!!!!

ထိုအော်သံကြောင့်သူမလန့်သွားကာ..ချက်ချင်းထ
လိုက်ပြီး..သူမထိုနေရာကိုကြည့်တော့..ဘယ်သူမှ
မရှိ..မျက်နှာချင်းဆိုင် သူမအဖော်များလည်း ထိုအသံ
ကြောင့် ကြောင်စီစီ ဖြစ်နေသည်..
သူမထိုနေရာ ပြန်ထိုင်တော့....

အားးးးးး!!!

ထိုအသံထွက်လာတော့..သူမထိုင်မည့် နေရာတွင်
မည်သူမျှရှိမနေပဲ အဲ့အသံက ဘယ်ကပါလိမ့်...

သူမလန့်ဖြန့်ကာ မထိုင်ရဲပဲ...ထိုနေရာကို ကြည့်ကာ
သူမစိတ်ထဲတွင် သရဲများလား...
သူမသိချင်စိတ်နှင့် အရဲစွန့်ကာ..တဖြေးဖြေးထိုင်ချ
လိုက်တော့..သူမတင်းပါးက ထိုင်ခုံနှင့်ထိမနေပဲ
တစ်ယောက်ယောက်ပေါ် တက်ထိုင်နေသလိုမျိုးးးး

အားးးးးအားးးးး
ဒီတစ်ခါက သူမအော်သံဖြစ်သည်
သူမအော်သံကြောင့် သူမအဖော်များမှာ လန့်တကြား
ကိုယ်စီထွက်ပြေးကြလေသည်..

BTS Anpanman Where stories live. Discover now