'Jiminရော !!!
namjoonအမေးကြောင့် jhopeက အပေါ်ထပ်ကိုမေးငေါ့ပြလေသည်..
ကမန်းကတန်းတက်သွားတဲ့ namjoon နောက်
တွင် Yoongi လည်းလိုက်ပါသွားခဲ့သည်
အခန်းထဲတွင်တော့ jiminအိပ်မောကျနေလေရဲ့ဘာမှမပြောတော့ပဲ ကောင်းမွန်စွာ အိပ်ပါစေတော့ဟု
လွှတ်ထားပေးလိုက်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာ
ကြတော့သည်..ထိုချိန်အလောတကြီး မေမေအိမ်ထဲပြေးဝင်
လာလေသည်..မေမေကသုတ်ပြာသုတ်ပြာနှင့် အပေါ်
ထပ်ကိုလှမ်းကြည့်ကာ.."Namjoon သားငယ်နှစ်ယောက်ရော Taehyungနဲ့ jiminဘာဖြစ်ကြတာလဲ သား?
"မေမေ စိတ်မပူပါနဲ့ ဒါကjiminရဲ့ စွမ်းအားတွေ နိုးထလာချိန်မှာ စိတ်မထိန်းနိုင်ပဲ ဖြစ်သွားတာပါ"
"သားတို့ရယ်!!!
သူမခြေတောက်များ ခွေကျမတက် ဖြစ်သွားရသည်
သူမသား၇ယောက်ဟာ ဘာလို့သာမာန်လူနှင့်မတူပဲ
ဘာလို့များ???သူမမျက်ရည်တို့ ကြမ်းပြင်ပေါ်တွင် ပေါက်ကနဲ့ကျဆင်းသွားတော့သည်..နောက်သားလေး ၅ယောက်ကရောjiminနဲ့ Taehyungကလဲ နိုးထလာပြီဆိုရင်
ကျန်တဲ့၅ယောက်ကတော့ စွမ်းအင်တွေ နိုးထလာချိန်
မှာထိန်းနိုင်ပါ့မလား...ဒီသတင်းတွေ ဘယ်သူကိုမှ ပေးသိလို့မဖြစ်ဘူး
"Namjoonသား! မေမေကို jiminအခန်းထဲ လိုက်ပို့ပေးပါလား'
"ရပါတယ်မေမေ!!!
အခန်းထဲတွင်တော့ jiminအိပ်မောကျနေသည်ကို
မြင်ရပေမည် သူမကုတင်ထက် တင်ပါးတစ်ခြမ်း
လွှဲထိုင်လိုက်ပြီး ဆံနွယ်လေးတွေကိုသာ
သပ်တင်ပေးလိုက်ပေမဲ့....ရုတ်တရက် နဖူးကိုထိမိလိုက်သည် တစ်စုံတစ်ခု
နဖူးတွင်ကိုင်မိလေသည် သူမဆံနွယ်နဖူးလှန်ကြည့်
လိုက်တော့ အပြာရောင် ကျောက်သေးသေးလေးက
နဖူးတွင် ရှိနေလေသည်ဒါများလား သားလေးရဲ့ စွမ်းအင်သင်္ကေတ များလား
ထိုနောက်တော့ အပြာရောင်ကျောက်လေးကတော့
သူမကြည့်နေရင်းမှပင် ဝင်းလက်လာခဲ့သည်............... ........ .......
................ ........... ...........
"အရှင်ဘုရင်ကြီး သားတော်အတွက် ကြာညိုလေး
ကြဲပေးသင့်ပါပြီး....