Taehyungအတွက် ဆေးဝယ်ထွက်ရင်း လမ်းတစ်ဝက်တွင် မိန်းကလေး တစ်ယောက် ခေါ်သံကြောင့်
လှည့်ကြည့်မိတော့"Jimin shi!!
"Nae!!!
"ကျမကို မှတ်မိလား..
Jiminသေသေချာချာ စိုက်ကြည့်ပြီး စဉ်းစားမရ ဖြစ်သွားပြီး ရှက်ပြုံးလေးနှင့်ရယ်ကာ
"တောင်းပန်ပါတယ်ဗျာ ကျနော် တကယ်မမှတ်မိ
လို့ပါ""အာ..ရပါတယ် ကြာပြီးဆိုတော့ ဘယ်မှတ်မိတော့ ပါ့မလဲ"
Jiminလဲ စဉ်းစားရခက်ခက် ဖြစ်နေသည်..သူမမျက်နှာပေါက်က ၁၀နှစ်သာသာ ကလေးငယ်သဖွယ်
နှုးညံ့ ဖြူ နုနေသည့် အသွင်ရှိသည်သူမခေါင်းလေးငုံ့ကာ ဘာမှမဆိုတော့တာကြောင့်
"ဒါဆို ကျနော့ကိုခွင့်ပြုပါအုန်း သွားစရာရှိလို့ပါ"
ကျနော် Taehyungအတွက် ဆေးဝယ်ရန် စတိုးဆိုင်ဆီ လျှေက်နေပေမဲ့ အနောက်မှ ခြေသံတစ်ခုကိုလည်းကြားနေရသည်
လှည့်ကြည့်တော့ ခုနကနှုတ်ဆက်တဲ့ မိန်းကလေး
ဖြစ်နေလေသည်.. jiminဘာစကားမှ မဆိုပဲ
ဆက်လျှောက်လာကာ စတိုးဆိုင်ထဲဝင်လိုက်သည်စတိုးဆိုင်ထဲဝင်ပြီး အပြင်ကိုလှမ်းကြည့်တော့ သူမကို
မတွေ့ရတော့ပေ..လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူပြီး ထွက်လာခဲ့သည်..အိမ်ရှေ့ခြံဝတွင် ဆောင့်ကျောက်လေး ထိုင်နေတဲ့သူမ..jiminကိုလည်း တွေ့ရော သူမက ကမန်းကတန်းထရပ်ကာ ပြုံးပြလေသည်
"မင်း မပြန်သေးဘူးလား"
ခပ်ကျယ်ကျယ်jiminအသံကြောင့် သူမကိုယ်လေး
တွန့်ရှုံ့ သွားကာအနောက်ကို ခြေတစ်လှမ်းဆုတ်
တော့မှ jiminသိလေပြီး ကျယ်သွားတဲ့ သူ့အသံကြောင့်သူမ လန့်သွားသည်ထင်..."တောင်းပန်ပါတယ်ငါ..ကဒီတိုင်း!!
"ကျမက jimin shi ကိုကျေးဇူးဆပ်ချင်လို့ပါ"
ယခုတော့ သူမစကားကြောင့် ကျနော်အားနာရပြန်သည်..လက်နှစ်ဖတ်ကို ဆုပ်ကိုင်ထားပြီး တွန့်ရှုံ့နေပုံက
သာမာန်လူနှင့်မတူပေ"ငါ့ကို ကျေးဇူးဆပ်စရာ မလိုပါဘူး"
"ဒါပေမဲ့ ကျမjimin shiကျေးဇူးဆပ်ချင်လို့ပါ"