Prologue : daisies

5.1K 513 5
                                    

နေရောင်ခြည် နဲ့ အတူ ယိုင်နေတဲ့ အလင်းတန်းတွေက မျက်စိပသာဒဖြစ်စေတဲ့ အေးမြတဲ့ အရောင်အဆင်းနဲ့ Kyungsoo ရဲ့ အိပ်မက်ထဲ ဖြာကျ ပြန့်ကျဲလာတယ်။ပင်လယ်နဲ့ ကမ်းခြေ ထိတွေ့ရာ အစပ် နားက အိစက်တဲ့ ခြေရာခွက်တွေထဲ လိုက်ထပ်နင်းနေတဲ့ ဖနောင့် တွေ ပါသယောင်ယောင် ပင်လယ်နံ့သင်းနေတဲ့ အိပ်မက်တစ်ခု။ Kyungsoo ဘေးကိုစောင်းပစ်လိုက်တယ် အဲ့ အချိန်မှာပဲ စိုစွတ်နေတဲ့ သဲတွေက အေးစက်တဲ့ အိပ်ရာခင်းအစ အဖြစ်ပြောင်းလဲသွားတယ်။
သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သောင်းပြောင်းရောထွေး နေတဲ့ ပင်လယ်စင်ယော်တွေရဲ့ တောင်ပံတွေ၊ အရောင်ရင့်ရင့်အရိပ်တွေ နေရာမှာ အရမ်းကို နိမ့်လွန်းတဲ့ မျက်နှာကျက်တစ်ခု အစားထိုးဝင်ရောက်လာတယ်။ ဆက်ပြီးကြည့်လိုက်တော့ ကျဉ်းမြောင်းတဲ့ အိပ်ခန်းလေးရဲ့ အဆုံးနားက ပြတင်းပေါက်သေးသေးတစ်ခု၊ ပြီးတော့ ဖန်တရာတေသုံးထားလို့ ဟောင်းနွမ်းနေသယောင် ကော်ဇော ရဲ့ အောက်က သစ်သားကြမ်းခင်းချပ်တွေ။
ဒါက သူ့ရဲ့ အခန်းပဲ။ သို့သော်ငြား အတိအကျပြောရမယ်ဆို မနေ့ကနဲ့ မတူသလိုပဲ။ ဘာလို့လဲဆိုတော့
အစိမ်းရောင် Sticky Note စာရွက်လေးတွေက တစ်လက်မလောက်စီ ခြားတဲ့အကွာအဝေး ကိုယ်စီနဲ့ အခန်းရဲ့ နံရံတိုင်းမှာ အပြည့်ရှိနေတယ်။ ဘာလို့ ဒီစာရွက်လေးတွေ ဒီလိုရှိနေတာလဲဆိုတာ သူပြန် စဉ်းစားလို့မရဘူး။
စာတမ်း အတိုလေးတွေ ...ပုံတွေ...ဂဏန်းတွေ...ရက်စွဲတွေ...စုံနေအောင် ရေးထားတဲ့ Sticky Note တွေ။

တိုက်ခတ်လာတဲ့လေပြေက ပြတင်းက လိုက်ကာကို တိုးဝင် လာပြီး ကပ်ထားတဲ့ Note စာရွက်တွေ ကို ပါ တိုက်ခတ်သွားတော့ တွန့်ခေါက်နေတဲ့ စာရွက်အနားစွန်းတွေဆီက စာရွက်လှန်သံ လက်ခုပ်သံတွေလို တဖြောက်ဖြောက် မြည်သွားတယ်။

ဒီမြင်ကွင်းက မရင်းနှီးပေမဲ့ သိပ်လည်း စိမ်းသက်မနေဘူး။ ဒီမတိုင်ခင်က ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရာလိုမျိုးပေါ့။
ဒီနေ့နဲ့ မနေ့ကနဲ့ ကြားထဲမှာ ရက်တစ်ရက်ရှိနေနိုင်တယ်။ အင်းး...။ ဒါမှမဟုတ် တစ်ရက်ထပ်ပိုပြီးတော့လည်း ရှိနေနိုင်တာပဲ။
ဘာပဲဖြစ်ဖြစ် ပါလေ၊
ရက်ပေါင်းဘယ်လောက်များများကုန်ဆုံးပြီးသွားပြီလဲ။
ဒီနေ့ သူ ဘာတွေလုပ်ရမလဲ ဆိုတာ တွေကို
ဒီ Note တွေက သူ့ကိုရှင်းပြမှာပဲဖြစ်တယ် ။

Anterograde Tomorrow Where stories live. Discover now