daisies,part three;tomorrow (2)

938 161 2
                                    

* မနက်ဖြန်*
လတွေ စက္ကန့်တွေကြားထဲမှာ , Kyungsoo တစ်ယောက် နာရီလက်တံတွေကို မျက်ခြေပြတ်လို့, ကလင်ဒါတွေဘယ်လိုဖတ်ပြီး နာရီဘယ်လိုကြည့်ရမယ်ဆိုတာတောင် မေ့လုမေ့ချင်။ တစ်ခါတစ်လေကျ သူ date တွေကိုမေ့တယ်။ တစ်ခြားအချိန်တွေမှာတော့ သူ ပြတင်းပေါက်ကနေက အပြင်ကိုလှမ်းကြည့်တယ် , အခု သူတို့တွေ ဘယ်ရာသီဥတုထဲမှာလဲဆိုတာ။ သူ့ရဲ့ မှတ်စုစာအုပ်ကို ထပ်ပြီး update တွေမရေးမှတ်ဖြစ်တော့ဘူး, သူ့အသက်က ၂၀ လား ၂၅ နှစ်လား လည်း သူမသေချာဘူး ဘာလို့ဆို အဲတာ အရေးလည်း သိပ်မပါဘူးလို့ထင်လို့။ သူဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဒီ နေရာ ဒီအဖြစ်အပျက်တွေကြားထဲမှာပဲညှပ်နေမှာပဲလေ, ကိစ္စတွေက သူတို့မူအတိုင်း သူတို့ဆက်ရှိနေကြမှာပဲ။
ဒါပေမဲ့ Jongin ဝင်ရောက်လာတဲ့အခါမှာတော့ အရာအားလုံး အနည်ထိုင် ကျသွားတယ်။
အဲတာ 2013 နွေနှောင်းပိုင်းရဲ့ နောက်ဆုံးလလောက်မှာ,,သူက 25 နှစ်ရှိပြီ..26 ပြည့်ဖို့ ၃ လလောက်ပဲလိုတော့တဲ့အချိန်ပေါ့ , သူ က ချစ်တတ်နေပြီး နာကျင်တတ်နေပြီ။ နာကျင်ရတယ် ဘာလို့လဲဆိုတော့ ဒါ နွေရဲ့နောက်ဆုံးလတောင်ရောက်နေပြီ,, နွေရာသီတောင်ကုန်တော့မှာ,, အဲတာတောင်မှ သူ ဘာမှမမှတ်မိဘူး။ သူပိုင်ဆိုင်နေရတဲ့အချစ်က သူဘယ်တော့မှာရမလာတော့မဲ့ ကိစ္စတွေအတွက် လောဘတကြီးဖြစ်စေတယ် ဒေါသတကြီးဖြစ်စေတယ် ဝမ်းနည်းစရာကောင်းစေတယ်။ (သာမန်RS တစ်ခုသူ ပိုင်ဆိုင်ချင်တာ)

သူပိုင်ဆိုင်ထားတဲ့အချစ်က ဘယ်လိုမျိုးလဲဆိုတော့ ,
နေ့တစ်နေ့ပြီးဆုံးသွားတိုင်းညတိုင်းမှာ Jongin ကိုမျက်စိအောက်က အပျောက်မခံနိုင် ဖက်တွယ်ထားပြီး , နောက်တစ်နေ့နိုးလာတဲ့အခါ သူ့ကို မေ့သွားခွင့်မပေးဖို့ အကြိမ်ကြိမ်တောင်းပန်နေရတယ်။ သူတို့ မနေ့တိုင်း အရင်နေ့အားလုံးကို မှတ်မိနေခွင့်ပေးဖို့ ။
(သူနဲ့ပတ်သက်တဲ့ Note တွေ အကုန်အရင်တစ်ခေါက်ကလို အကုန်ယူသွားပြီး အမှတ်တရတွေအကုန် ဖျောက်ပစ်ပြီး , Jongin သူ့အနားကထွက်သွားမှာ ကို Kyungsoo ကြောက်လို့ နောက်နေ့တွေ အဲ့လိုမလုပ်ပါနဲ့လို့ သူတောင်းပန်နေတာပါ ~မင်းကိုမှတ်မိခွင့်တော့ပေးပါ~ ဆိုပြီး)

"မနက်ဖြန်,,"
Jongin ကကြားဖြတ်ပြောတယ်။ Kyungsoo သူ့ဆီက အိုင်အိုဒင်းနံ့လိုလို ပိုးသတ်ဆေးအနံ့လိုလိုနဲ့ ဆေးရုံအိပ်ရာခင်းအနံ့လိုတွေရနေတယ်။

Anterograde Tomorrow Where stories live. Discover now