သောကြာနေ့ မနက်စောစောမှာပေါ့။ July ရဲ့ ဒုတိယပတ်မှာ။အဲ့နာရီပိုင်းမှာ စမ်းတဝါးဝါးမီးအိမ်မီးရောင်
အရက်မူးနေတဲ့ အော်ဟစ်သံ တချို့ရယ်။ တစ်ချက်တစ်ချက်ထထ ထွက်လာတဲ့ ရယ်သံစူးစူးဝါးဝါးရယ် ပဲရှိတယ်။ ဒီအချိန်ကြီး ဓာတ်လှေကားထဲမှာ
သူတို့နှစ်ယောက်ပဲရှိနေတော့ တကယ်ကို ကဖျက်ကယက်နိုင်တဲ့ တိတ်ဆိတ်မှုမျိုးကြီး။ခုလေးတင်မှ Bar ကနေ ပြန်လာတာ ဖြစ်တာမို့ Kyungsoo ရဲ့ ဆံပင်တွေကနေထိပါ အရက်နံ့တွေ ဆေးလိပ်နံ့တွေ နံဆော်နေမှာပဲ။ Saxophone ရဲ့ ခလုပ်တွေကိုဖိထားရလို့ ဖြစ်လာတဲ့ လက်ချောင်းထိပ်ကခံစားမှုတွေကရှိနေတုန်းပဲ။
အဲတာအပြင် cinquillo beat သံတွေက သူ့ စိတ်ထဲမှာ စွဲမြဲကြားနေတုန်းပါပဲ။ ဒါပေမဲ့ အဲတာတွေ အားလုံးကို ဘာမှ သူအာရုံမစိုက်နိုင်ဘူး။
ဒါပေမဲ့ သူ ဒီနေ့ ထူးထူးဆန်းဆန်း လစ်ဟာနေသလိုခံစားနေရတယ်။ သူအိပ်နေတုန်းမှာ တစ်ယောက်ယောက်က သူ့ဆီကနေ တစ်စုံတစ်ခုခိုးထုတ်ယူသွားသလို,, သူ့ရဲ့ အူတွေရိုးတွင်းခြင်ဆီတွေဆီကနေ တစ်ခုခု ခိုးယူသွားပြီ သူ့ကိုဒီတိုင်းပြန်ထားခဲ့သလို ခံစားချက်မျိုး။သွားကြားထဲမှာ မီးမညှိထားတဲ့ဆေးလိပ်တိုကို ကိုက်ထားတဲ့ သူစိမ်းက အရင်သူ့ဖက်ကိုလှည့်လာတယ်။ဓာတ်လှေကားရဲ့မှိန်တဲ့အလင်းရောင်က သူ့ကို ပင်ပန်းနေတဲ့ပုံပေါက်နေစေတယ်, ပြီးတော့ သူက ပိန်ပိန်လေးပဲ,,, ခြုံပြောရမယ်ဆို သူ့ပုံစံက စိတ်သက်သာစရာမကောင်းတဲ့ပုံစံပါပဲ။ ကြည့်ရသလောက် သူ့ရဲ့ အသားအရေက ပလက်စတစ်လိုပဲ။
"ခင်ဗျားက Do Kyungsoo လား,"
ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့အချိန်ကိုက်မှာပဲ သူစိမ်းကမေးတယ်။
"ဟုတ်ပါတယ်,,"
ဓာတ်လှေကားထဲကထွက်သွားတဲ့သူ့နောက် ကနေ ချီတုံချီချ လိုက်ထွက်လိုက်ရင်း Kyungsoo တုံ့ပြန်လိုက်တယ်။"ကျွန်တော်တို့အရင်ကဆုံဖူးလို့လား?"
"မဟုတ်ပါဘူး,,, မဆုံဖူးပါဘူး"
သူစိမ်းက ပြုံးပြရင်းဖြေတယ်။ ပြီးတော့ သူ့လက်ကိုဆန့်ထုတ်ပေးကာ
"ကျွန်တော်က Oh Sehun ပါ, ကျွန်တော် က Kim Jongin ရဲ့ editor ဖြစ်ခဲ့ဖူးသူပေါ့"