"နင် ငါနဲ့တွဲပါလား"
"ဖု့" ရုတ်တရက်ဆိုတော့လန့်သွားတာနဲ့ ပါးစပ်ထဲကcoffeeတွေးထုတ်မိသွားရင်း ဘေးနားကဖြတ်လျှောက်သွားတဲ့ကောင်လေးရဲ့အကျီ င်္ကိုစင်သွားလေသည်။
"အောသော့ခဲ (ဘယ်လိုလုပ်မလဲ)"
"အဲအီ ရှီး!!!"
"တောင်းပန်ပါတယ် တကယ့်ကိုတောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ရမလားကွ မင်းလုပ်လိုက်လို့ ငါ့အကျီ င်္အသစ်လေးတော့သွားပါပြီ"
"mianhae ဘယ် ဘယ်လိုလုပ်ပေးရမလဲ! ဘယ် ဘယ်လိုလုပ်ပေးမှကျေနပ်နိုင်မှာလဲရှင့် ပြောကြည့်ပါ ကျမလုပ်ပေးနိုင်ပါတယ်"
"တကယ်လား"
"အင်း!"
ကောင်လေးအနေနဲ့အခွင့်ကောင်းရလာတော့ သူ့ရဲ့ဇာတိကိုပြချင်နေတော့တာပေါ့! မာနကလည်းကြီးတာကိုး! သူ Kookကိုအကဲခတ်လိုက်တော့ သိပ်သုံးနိုင်ဖြုန်းနိုင်ပုံမပေါ်တာကို သတိထားမိသွားသည်။
"မင်း အခုငါဝတ်ထားတဲ့ ငါ့အကျီ င်္နဲ့ တစ်ပုံစံထဲရအောင်ပြန်ရှာလာပေး!"
"ရှင်! ကျမဘယ်လိုလုပ် ဒီလိုတစ်ပုံစံထဲအကျီ င်္ကို…ပြီးတော့ ကျမကအခုမှ Seoulကိုရောက်ဖူးတာရှင့်!" Nabiလည်း ကြည့်မနေနိုင်တော့တဲ့အဆုံး…
"ဟုတ်သားပဲ taehyungရယ်~ နင့်ဟာကလည်း…ဖြစ်နိုင်တာကိုပြော! နင့်လိုဘောစိတွေဝတ်တဲ့brandဆို ပို~ဆိုး ရှာလို့တောင်တွေ့မှာမဟုတ်!"
"Taehyung?" ပြောရင်းနဲ့ Kookမျက်စိက သူ့အကျီ င်္ပေါ်က ကျောင်းသားကတ်နာမည်တံဆိပ်လေးဆီ အကြည့်ရောက်သွားသည်။
"ဟုတ်တယ် ငါ့နာမည် Kim Taehyung! ဒီအခန်းရဲ့ အတန်းခေါင်းဆောင်တစ်ဖြစ်လည်း ကျောင်းအုပ်ကြီးရဲ့မြေးပဲ!"
"တကယ်ကြီး?" Kook တော်တော့်ကိုလန့်သွားပုံရသွားသည်။
"ဘာပဲဖြစ်ဖြစ် အချိန်3ရက်ပေးမယ်! အဲ့ဒီအချိန်အတွင်းရအောင်ရှာလာခဲ့! မရှာလာနိုင်ရင် ကျောင်းအုပ်ကြီးဆီသွားတိုင်မယ်!"
ကြောင်တောင်တောင်လေးနဲ့ကြည့်နေတဲ့Kookတစ်ယောက်! သူ့အကြည့်က ဝမ်းနည်းနေသယောင်ယောင်ပဲ! ဒါကိုTaehyungလည်းခံစားမိသည်။

YOU ARE READING
As you want
Fanfictionရှက်တတ်လွန်းတဲ့ကောင်မလေးနဲ့ တက်ကြွဖျတ်လတ်ပြီး မာနကြီးတဲ့ကောင်လေးရဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်း!!! သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘာတွေဖြစ်လာမလဲ? မာနကြီးတဲ့သူနဲ့ ရှက်တတ်တဲ့သူ အချင်းချင်းရော သူငယ်ချင်းတွေဖြစ်လာနိုင်ပါ့မလား? As you want... feedbackကောင်း...