မနက်နိုးလာတော့ ကျောင်းသွားဖို့ပြင်ရင်းဆင်ရင်း ထုံးစံအတိုင်းကပြာကရာနဲ့ပေါ့! လက်ကဟိုဟာဆွဲလို့ဆွဲ ဒီဟာဆွဲလို့ဆွဲနဲ့ မနက်စာတောင်မစားအားတော့ပဲ အိမ်တံခါးဝကနေ အမေ့ကိုလှမ်းနှုတ်ဆက်လိုက်တယ်
"အမေ~ သမီးသွားပြီနော်"
"ဟဲ့ မိkook သမီး မနက်စာစားမသွားတော့ဘူးလား"
"တော်ပြီအမေရယ် စားနေရင်ကျောင်းနောက်ကျတော့မှာမို့လို့ သွားပြီနော်"
"…"
ကျောင်းကို ခပ်သွက်သွက်လေးလမ်းလျှောက်လာခဲ့တယ် ကြက်ပြေးပြေးတယ်လို့ပဲဆိုရမလား လာတဲ့လမ်းတစ်လျှောက်လုံးလည်း ဟိုcoffeeကိစ္စပဲတွေးနေမိ! မနေ့ညကအချိန်ပိုင်းအလုပ်ရှာမယ်လုပ်ထားပေမယ့် ဘယ်သူအတင်းတုတ်တဲ့ကြောင့်လည်းမသိ ကုလားသေကုလားမောနဲ့ကိုအိပ်ပျော်သွားတာ အလုပ်မပြောနဲ့ အိပ်မက်လေးတစ်ခုတောင်မှမမက်ခဲ့တာ! အဲ့တာကြောင့်လည်း စိတ်ကနှစ်ဆပိုလောနေမိ! ကျောင်းရောက်တော့ nabiတို့ jiminတို့ကရောက်နှင့်နေပြီ! nabiကကျောင်းရဲ့ဒုတိယထပ်ဝန်ရံတာကနေလှမ်းနှုတ်ဆက်တယ် အခုမှသာ သတိထားမိတာ ဘေးဘီဝဲယာကိုကြည့်မိလိုက်တော့ nabiတို့ကျောင်းကအထပ်3ထပ်ရှိတာပဲဟ ကျယ်တာကလည်းပြောမနေနဲ့ ကျောင်းသူ/သားတွေလည်းနည်းတာမဟုတ်ဘူး nabiနှုတ်ဆက်တော့ ပြန်နှုတ်ဆက်လိုက်တယ် ကိုယ်နဲ့တခြား သူကတော့ပြုံးလို့ -_- nabiကိုပဲအားကိုးရတော့မယ်ဆိုတဲ့အတွေးက ကျူပ်စိတ်ထဲဝင်လာတော့တာပေါ့! အခန်းထဲရောက်တော့ လောလောလောလောနဲ့
"ဘယ်လိုလဲnabi ရလား အလုပ်?"
"အလုပ်လား? kookieရယ် ငါ့မှာရှာတာရှာတာ မတွေ့ပါဘူးဟယ် စိတ်တွေလည်းလေပါတယ်"
nabiရဲ့စကားတစ်ခွန်းမှာ ကျမရဲ့မျက်နှာပေါ်ကအပြုံးလေးပျောက်ကွယ်သွားခဲ့တာအမှန်!
"jiminရော?"
"ငါ? ငါလား ငါလည်းဘာထူးမလဲ kookieရာ"
jimin ကျမမျက်နှာထားကိုတစ်ချက်ကြည့်ပြီး အားနာသွားပုံရ၏။
"mian"
"ရပါတယ်ဟာ ငါပဲရှာရတော့မှာပေါ့"
စကားဆုံးဆုံးချင်းသက်ပြင်းရှည်တစ်ချက်က အလိုအလျှောက်ထွက်လာခဲ့မိတာ ကိုယ့်ကိုကိုယ်တောင်မရိပ်မိ!

YOU ARE READING
As you want
Fanfictionရှက်တတ်လွန်းတဲ့ကောင်မလေးနဲ့ တက်ကြွဖျတ်လတ်ပြီး မာနကြီးတဲ့ကောင်လေးရဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်း!!! သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘာတွေဖြစ်လာမလဲ? မာနကြီးတဲ့သူနဲ့ ရှက်တတ်တဲ့သူ အချင်းချင်းရော သူငယ်ချင်းတွေဖြစ်လာနိုင်ပါ့မလား? As you want... feedbackကောင်း...