ကျောင်းဆင်းတာနဲ့တပြိုင်ထဲ misoပြောတဲ့ဆိုင်ကိုတန်းသွားလိုက်ကြသည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်အခေါ်ကဟိုဟိုဒီဒီမေးတာပေါ့လေ ကိုယ်ကလည်းမြန်မြန်ဆန်ဆန်ပြန်ဖြေပေးလိုက်တယ်။ အလုပ်စလုပ်လို့ရပြီတဲ့ ဒီနေ့စလုပ်လည်းရပြီဆိုတော့ မထူးပါဘူးဆိုပြီး တခါတည်းတန်းလုပ်လိုက်တယ်။ အမတော်misoကလည်း ကိုယ့်ကိုစိတ်ပူတော့ ဘေးနားမှာရစ်သီရစ်သီနဲ့ ပြီးတော့သူကမေးတယ်
"နင် အဆင်ပြေလား ပြေရင် ငါသွားလို့ရပြီမလား ပြန်လို့ရပြီမလား"
"ဟမ် နင်ကလည်းနေပါဦးဟယ် ငါအခုထိ ဒီဆိုင်ရှင်အဒေါ်နဲ့ရော တခြားအလုပ်သမားတွေနဲ့လည်းမရင်းနှီးသေး ငါနဲ့မှမသိသေးတာ ခဏလေးတော့စောင့်ပါဦး"
"ဘာလဲ ကြောက်လို့လား"
"… … …" စကားမရှိပဲ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ကြောက်တယ်ဆိုလို့ ကျမက အိမ်မှာငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတော့ ဒီလိုအလုပ်တွေဆို မြင်တောင်မမြင်ဖူးဘူး ရှက်တတ်တာလည်းလွန်ရောမလား အဲ့တာနဲ့ပဲ misoကိုတွယ်ထားရတယ်ဆိုပါတော့!
ခဏနေတော့ ကျမအလစ်မှာ မယ်မင်းကြီးမmisoက စားဖိုဆောင်နောက်ဖက်ကိုဝင်သွားလိုက်တယ် ဘာသွားလုပ်မလို့လဲဆိုတာတောင်မမေးလိုက်ရဘူး ဒီကမကျယ်တကျယ်ခေါ်တာတောင်မကြားတော့ဘူးလေ
ခဏကြာတော့ပြန်ထွက်လာတယ် အဲ သူတစ်ယောက်ထဲမဟုတ်ဘူး ဆိုင်ရှင်အဒေါ်ကြီးနဲ့အတူ ကျူပ်တံတွေးကိုမသိမသာမြိုချမိလိုက်သည်။
"သမီး!!!"
"ရှင်?"
"နာမည်က jungkookနော်"
"ဟုတ် jeon jungkookပါရှင့်!"
"အခုနကအလုပ်များနေတာနဲ့ပဲ နှုတ်မဆက်ဖြစ်အားဘူး အန်တီက jimin-ieအမသူငယ်ချင်းရဲ့အမေပါ အန်တီကို အဒေါ်အရင်းတစ်ယောက်လိုဆက်ဆံလို့ရပါတယ် ကြောက်စရာမလိုဘူး ပွင့်ပွင့်လင်းလင်းသာပြော ဟုတ်ပြီလား"
"…ဟုတ် ဟုတ်ကဲ့ပါအန်တီ"
"ဒါဆို အန်တီ သမီးသွားတော့မယ်နော် အိမ်ကစိတ်ပူနေမှာစိုးလို့"

YOU ARE READING
As you want
Fanfictionရှက်တတ်လွန်းတဲ့ကောင်မလေးနဲ့ တက်ကြွဖျတ်လတ်ပြီး မာနကြီးတဲ့ကောင်လေးရဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်း!!! သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘာတွေဖြစ်လာမလဲ? မာနကြီးတဲ့သူနဲ့ ရှက်တတ်တဲ့သူ အချင်းချင်းရော သူငယ်ချင်းတွေဖြစ်လာနိုင်ပါ့မလား? As you want... feedbackကောင်း...