၃၅

14 0 0
                                    

မင်းငြို ငြင်​မှာ​ကြောက်​တဲ့စိတ်​​တစ်​ခုတည်းနဲ့
မင်းဆီကိုပဲဦးတည်​​နေတဲ့ဒီ​ခြေ​ထောက်​​တွေကိုရိုက်​ချိုးပစ်​လိုက်​တယ်

အသုံးမဝင်​​တော့ဘူးလို့အရိပ်​အ​ယောင်​ပြပါ။
ခပ်ေ​ဝး​ဝေးက​နေ
မင်း​နောက်​​ကျော​လေးကို​ငေးရင်း
ငါ​ မင်းကို​စောင့်​ပါမယ်​​။
___________

ရီယို​ရေ

တဖက်​လူအတွက်​စိတ်​​အ​နှောင့်​အယှက်​များဖြစ်​သွား​လေမလားဆိုတဲ့စိတ်​တခုတည်းနဲ့အသံမထွက်​လာ​အောင်​ချုပ်​တည်းရင်းငြိမ်​သက်​လိုက်​ရတဲ့ကိုက်​ခဲနာကျင်​မှု​တွေပါ။
အရင်​လို မင်းကငါ့စာ​တွေကိုReplyမပြန်​ချင်​​တော့တဲ့အခါ၊ငါ​ခေါ်လိုက်​တဲ့Ph call​လေး​တွေကို မကိုင်​​တော့တဲ့အခါ....မင်းအတွက်​မလိုအပ်​​တော့ဘူးပဲ​လေဆိုပြီး
အလိုက်​တသိမင်းဘဝထဲကဆုတ်​ခွာ​ပေးလိုက်​တာမျိုး​ပေါ့။

တကယ်​​တော့...
ပစ်​လွှတ်​လိုက်​တဲ့မြှားတစ်​စင်းလို
အရှိန်​အဟုန်​နဲ့မင်းဆီကိုပဲဦးတည်​​နေတဲ့
ချစ်​ခြင်း​မေတ္တာ​တွေကိုရပ်​တန့်​လိုက်​ဖို့ဆိုတာ
ဘယ်​လွယ်​ကူနိုင်​ပါ့မလဲ။
ချစ်​ခြင်းကိုထုတ်​မပြရုံမက
စိတ်​အ​နှောင့်​အယှက်​ဖြစ်​မှာစိုးလို့ သိမ်းဆည်းလိုက်​ရတဲ့
အခါနှစ်​ဆတိုးလို့နာကျင်​ပင်​ပန်းရပါတယ်​။
ဒီလိုနဲ့ပဲ...
I miss youလို့ရိုက်​ထားတဲ့စာသား​လေး​တွေ
မင်းဆီမပို့ဖြစ်​​တော့ဘူး။
ငါ့ရဲ့အနာတရ​တွေအ​ကြောင်း
ပြောမပြဖြစ်​​တော့ဘူး။
မင်းကို​လိုအပ်​​နေဆဲဖြစ်​​ကြောင်း
မင်းသိ​အောင်​ထုတ်​မပြ​တော့ဘူး။
မင်းအတွက်​ပါပဲ။
မင်းတ​ယောက်​တည်းအတွက်
မင်းဘက်​ကမလိုလားတဲ့အရိပ်​အ​ယောင်​မပြခင်
အလိုက်​တသိအသံတိတ်​​ပေးလိုက်​ရတဲ့
ချစ်​ခြင်း​မေတ္တာ​တွေပါပဲ။

ခန္ဓာကိုယ်​အတွက်
အသုံးမလို​တော့တဲ့အခါ
ဒါမှမဟုတ်
အန္တရာယ်​ဖြစ်​လာနိုင်တယ်လို့သိရ​တဲ့အခါ
ဆဲလ်​​လေးတလုံးဟာသူ့ကိုယ်​သူသတ်​​သေတတ်​တယ်​တဲ့။

ဒီည
စိမ်း​နေတဲ့မီးစိမ်း​လေးကို စကားသွားမ​ပြောမိဖို့
ငါ့ကိုယ်​ငါ ဓားနဲ့မွှန်းရဦးမယ်​။
#Ume_Sue🍀

နှစ်သက်မိသောစာတိုလေးများWhere stories live. Discover now