၂၉

20 1 0
                                    

မနှုတ်​ဆက်​ဖြစ်​ရုံနဲ့
အေးစက်​သွားကြမယ့်​Conversation​လေးတခုပါပဲ။
စကားမ​ပြောဖြစ်​​တော့​ပေမယ့်
ငါက​တော့အမြဲလိုလိုဝင်​ကြည့်​ဖြစ်​ပါတယ်​။
တချိန်​ကရှိခဲ့ဖူးတဲ့ ချစ်​ခြင်း​မေတ္တာ​တွေ
ငါမမြင်​လိုက်​ဘဲကပ်​တွယ်​​နေဦးမလားဆိုတဲ့
မျှော်​လင့်​ချက်​အ​ရောင်​ပါး​လေး​နဲ့။
ငါ့ကိုများသတိတရစကားလာ​ပြောထားမလားဆိုတဲ့
ခပ်​​ကြောင်​​ကြောင်​အ​တွေး​တွေနဲ့။
ငါကသိပ်​ကိုရူးတာပါပဲ။

*​မေ့ပစ်လိုက်ပြီ​​​လား*လို့ဖုန်းဆက်​​မေးချင်​ပါတယ်​။
မင်းက​နေနိုင်​သ​လောက်​ ငါက​တော့လွမ်း​နေရတာပဲ။
လွမ်းဆွတ်​ခြင်းကိုမီးစိမ်း​လေးကို​ငေးရင်းပဲ
ဖြေ​ဖျောက်​​နေရတဲ့ငါပါ။
ငါ့ကိုသနားပါ။
ဒါမှမဟုတ်​ ထုံးစံအတိုင်းလျစ်​လျူ ရှုပါ။

*ဒါဟာ အချစ်​မဟုတ်​ဘူးလို့*ငြင်းမိတဲ့အချိန်​တိုင်း
မင်းwallထဲ​ရောက်​​နေ​တော့တာပဲ။
မီးစိမ်း​လေးဟာဘယ်​မိန်းက​လေးနဲ့များ စကား​ပြော​နေမလဲ။
တ​ယောက်​​ယောက်​ရဲ့wallထဲမှာ
ငါ့လိုမျိုးငြင်းချက်​​တွေထုတ်​​နေမလား။
ငါမသိချင်​ပါဘူး။
သိနိုင်​ဖို့နီးစပ်​မှုမျိုးလည်းငါ့မှာမရှိ​တော့ပါဘူး။
နေကြာ​ပန်း​လေးရဲ့​မေတ္တာတွေကို
နေမင်းကြီးမမြင်​ခဲ့သလို​ပေါ့။
ဘုရားသခင်​ဟာ ငါ့ဆု​တောင်းကို
မကြားယောင်​​ဆောင်​တယ်​။

မင်းကသူမကလွဲရင်မမြင်တတ်တဲ့
ခပ်​ဆိုးဆိုး​ကောင်​​လေးတ​ယောက်​ဖြစ်​မယ်​။
ဒီလိုဆိုရင်​​တော့
ငါကအစွဲအလမ်းကြီးတဲ့အရူးမ​လေးဖြစ်​ပါလိမ့်​မယ်​။

ဒီ​နေ့ရာသီဥတုသာယာတယ်​။
ငါမင်းကိုစကားလာ​ပြောသင့်​ပါရဲ့လား။
ချစ်​ခြင်းအားဖြင့်​ ​ငေး​မော​နေရရုံအ​နေအထားမှာပဲ
ရပ်​​နေနိုင်​ဖို့ငါကြိုးစား​နေပါတယ်​။
ကမ္ဘာ​မြေလည်းသူ့သဘာဝအေ​လျာက်​စိမ်းလန်းပါ​စေ။
မင်းလည်း ​​​ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေ။
ငါလည်း ဒီ​နေ့တရက်ေ​လာက်ေ​တာ့
ငါ့တိမ်​တိုက်​​လေးနဲ့အဆင်​​ပြေပါ​စေ။
#Ume_Sue

နှစ်သက်မိသောစာတိုလေးများWhere stories live. Discover now