ကိန္နရာချောင်းခြား မောင့်စကား

1K 89 0
                                    

💜ကိန္ဒရာချောင်းခြား မောင့်စကား💜
💜အပိုင်း-9💜

တစ်လလောက် ဆေးစည်းပြီးပြီမို့ ခြေထောက်က
အတော်လေး ပြန်လည်သက်သာလာပြီဟု ဆိုရမယ်.

ပထမဆုံး ကျောင်းပြန်တက်တဲ့နေ့မို့ မြင်မြင်သမျှက အထူးအဆန်းတွေသာ.

pcy_Baekနေ နေ မောင်လာခေါ်မယ်

ကားတံခါးအားဖွင့်ကာ ဆင်းရန်ပြင်လိုက်ယုံရှိသေး အလိုက်သိလွန်းတဲ့မောင်က အပြေးအလွှားဆင်းကာ တံခါးဖွင့်ပြီးကူတွဲပေးသည်လေ.

အိတ်အား မောင့်ကျောပိုးအိတ်ပေါ်မှ ထပ်လွယ်ကာ စာအုပ်ကိုတစ်ဖက်က ပိုက်ရင်း နောက်တစ်ဖက်က ကျွန်မကိုတွဲကာဖက်ထားတဲ့ မောင်ပုံစံက အတော်လေးမသက်မသာနိုင်လှတာမို့.

baek_မောင်ရယ် ကျွန်မဘာသာလွယ်ပါ့မယ်

pcy_အာ မဟုတ်တာ Baekကခြေထောက်သိပ်သက်သာသေးတာ မဟုတ်ဘူး မောင်ပဲလွယ်မယ်

baek_မောင်ကလည်း ပခုံးပေါ်လွယ်တာ ခြေထောက်မှာချိတ်တာမှမဟုတ်တာ

pcy_မရပါဘူး ပခုံးကဝိတ်နဲ့ ခြေထောက်လေး နာသွားရင် ဘယ်လိုလုပ်မလဲ

မောင်က အဲ့လိုတွေယုယလွန်းသူ.

အသေးအမွှားကအစ ဂရုစိုက်လွန်းတဲ့ မောင်က
ကျွန်မကို သိပ်ချစ်တယ်လေ.

တစ်ခါတစ်လေ အကြောင်းမဲ့ ကျွန်မကိုငေးကြည့်ပြီး မောင်ပြုံးနေတတ်သလို.

တစ်ခါတစ်လေ ကျွန်မဆံနွယ်လေးတွေကိုလည်း မြတ်မြတ်နိုးနိုးနမ်းတတ်သေးသည်.

မောင့်လက်ကိုတွဲကာ လျှောက်လမ်းတစ်လျှောက် လျှောက်လာတဲ့ကျွန်မတို့နှစ်ယောက်ကို အချို.့လူတွေက ကွက်ကြည့်ကွက်ကြည့်.

အချို.့ဆို တီးတိုးတောင်ပြောဆိုလိုက်ကြသေး.

pcy_Baekဘာဖြစ်လို့လဲ

ကျွန်မမျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်တတ်လွန်းတဲ့မောင်က ကျွန်မဘာဖြစ်တယ်ဆိုတာကို တန်းခနဲသိတာ မဆန်း.

baek_မောင် ကျွန်မတို့ကို လူတွေက ဘာလို့ထူးဆန်းသလို ကြည့်နေတာလဲဟင်

ကိန္နရာချောင်းခြား မောင့်စကားDonde viven las historias. Descúbrelo ahora