ကိန္နရာချောင်းခြား မောင့်စကား

1.1K 91 0
                                    

🍃ကိန္နရာချောင်းခြား မောင့်စကား🍃
🍃အပိုင်း-5🍃

အချစ်..

ပုံစံအမျို.းမျို.း ခံယူချက်အမျို.းမျို.း ရှိတတ်ကြပေမဲ့
ကျွန်မအတွက်ကတော့ အချစ်ဆိုတာ ချစ်တဲ့သူရဲ့အနားမှာ အတူရှိနေရခြင်းပင်.

ကျွန်မမောင့်ကိုချစ်တယ်.

လုံးဝမစွန့်လွှတ်နိုင်အောင် ချစ်မိရခြင်းရဲ့ အကြောင်းအရင်းက မြင်မြင်ချင်းအချစ်မို့ပင်.

မြင်မြင်ချင်း ကျွန်မချစ်ခဲ့မိတဲ့ မောင့်ကိုကျွန်မချစ်သူဖြစ်လာဖို့အထိ မမျှော်လင့်ခဲ့ဖူးပေမဲ့.

မောင့်ချစ်သူဖြစ်ရလျှင်ဆိုတဲ့ အတွေးလေးနဲ့ ညပေါင်းများစွာ စဉ်းစားရင်း ရူးသွပ်ခဲ့ဖူးတယ်.

သူများတွေက မြင်တယ်.

ကျွန်မကမောင့်ကိုသိပ်ချစ်လွန်းတယ်တဲ့.

ကျွန်မ မငြင်းပါဘူး.

ဟုတ်တယ် ကျွန်မမောင့်ကိုသိပ်ချစ်တယ်.

High Schoolမှာတည်းက မိန်းကလေးတွေကြား ရေပန်းစားလွန်းတဲ့မောင်က Universaryအထိ နာမည်ကျသွားသူတော့မဟုတ်.

အကြည့်တစ်ချက် အပြုံးယဲ့ယဲ့နဲ့တင် နှုတ်ခမ်းနီမလေးတွေ မူးမေ့လောက်အောင် ဆွဲဆောင်နိုင်လွန်းသူလေ.

သည်လိုလူကိုမှ ကျွန်မတန်းတန်းစွဲမချစ်ရင် ဘယ်သူ့သွားချစ်ရမလဲ.

သူများတွေအတွက် မောင့်ရဲ့ဂျစ်ကန်ကန် ဟန်ပန်တွေက
မျက်မုန်းကျို.းစရာဆိုပေမဲ့ ကျွန်မအတွက်ကတော့ မောင်ဂျစ်တိုက်တတ်တာကိုက ကျွန်မရဲ့Ideal typeဖြစ်နေတာ.

ကျွန်မစိတ်က ထူးဆန်းတယ်လို့တော့ ဆိုရမယ်.

အခြား မိန်းကလေးတွေနဲ့တော့ မတူ.

မိန်းကလေးအများစုက ဂရုစိုက်မှု ယုယမှုတွေကို ကြိုက်ပေမဲ့ ကျွန်မကဥပေက္ခာကိုမှ ကြိုက်တဲ့သူ.

ကျွန်မကို သည်းသည်းလှုပ် ချစ်ပြတဲ့ယောက်ျားတွေကို ခံစားမရပေမဲ့ ကျွန်မကို ဥပေက္ခာပြုတတ်တဲ့ မောင့်ကိုတော့ ရူးလောက်အောင်ချစ်မိတယ်.

ကိန္နရာချောင်းခြား မောင့်စကားTempat cerita menjadi hidup. Temukan sekarang