PCY's POV:
အချစ်ဆိုတာနူးညံ့သိမ်မွေ့တယ်ဗျ......
ပိုင်ဆိုင်ခြင်းဟာအချစ်မဟုတ်ပေမဲ့ ပိုင်ဆိုင်ခွင့်ရတဲ့ အချစ်တွေကတော့ သိပ်ပြီးလှပကြပါတယ်.....ဥပမာ-ကျွန်တော်သိပ်ချစ်ရတဲ့ ကလေးငယ်ရဲ့ ချစ်ခြင်းမေတ္တာတွေအကုန် ကျွန်တော်အပိုင်ရထားသလိုပေါ့ဗျာ......
ကျွန်တော်က ကလေးငယ်ကို သိပ်ချစ်တာဗျ.....
ကျွန်တော့် မြတ်နိုးခြင်းတွေ အကုန် တစ်ယောက်တည်း အပိုင်ရထားတဲ့ကလေးငယ်လေးကလည်း သိပ်ကို ကံကောင်းတဲ့လူသားလေးပေါ့ဗျာ......ကျွန်တော့်အဆိုးလေးက သိပ်ပြီးချွဲတတ်တာဗျ...
ခုလည်းကြည့်လေ BKK မှာ NR fansign လာတာကို Schedule တွေပြီးသွားတော့ ပင်ပန်းလို့ ညစာလိုက်ကျွေးပါတဲ့
Byunလေးက အစားဆိုလည်း သိပ်မက်ပြီး ထိပ်ဆုံးက စားတတ်သေးတာဗျ
သူကြိုက်တာ စားနေရရင် ပြုံးပျော်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ကျွန်တော် Park Chanyeol ခမျာ ပီတိစား အားရှိဖြစ်နေရတာပေါ့ဗျာ....
ကျွန်တော်တို့ Dinner ထွက်စားတာက အကြောင်းမဟုတ်ပါဘူးဗျာ...
ဒါပေမဲ့ ကျွန်တော်တို့ကို fanတွေမြင်သွားတော့ Chanbaek HC တွေအတွက်တော့ လိပ်ပြာလေးကလူကလူပေါ့ဗျာ...
ရင်ဘတ်ဖိပြီး အသက်မထွက်အောင် စိတ်ထိန်းနေရမှာပေါ့ဗျာ ....
နားလည်ပါတယ်ဗျာ....FA တွေဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ...
BKK ကိုမလာခင် ကလေးငယ်တို့ CBX Subunit က summer vacation ဆိုပြီး fanmeeting ရှိတယ်ဗျ
ကလေးငယ်ကတော့ Fanmeeting ပြီးပြီးချင်း Airport ဆင်းလာရတာပေါ့ဗျာ
Schedule တွေကလည်းအပြည့်ဆိုတော့ ပင်ပန်းနေရှာမှာပေါ့ဗျာ....
Byun လေးမျက်နှာလေးကိုနွမ်းလို့....
သူ့အစား ကျွန်တော်ပဲ အလုပ်တွေအကုန်သိမ်းကြုံးလုပ်ပြီး ကိုယ်စားပင်ပန်းပေးချင်လိုက်တာဗျာ...