Chapter 003

2.9K 329 42
                                    

The King's Love For Her

Chapter 003

Shuja's pov

Shuja .. အ​ဝေးထဲက ​ကောင်​မ​လေးတစ်​​ယောက်​က သူပစ်​လို့ မြားထိမှန်​ထားတဲ့ ကျားဖြူကို ကု​​ပေး​နေမှန်း မြင်​လိုက်​ရ၍ ​ဒေါသထွက်​သွားပြီး မြင်းနဲ့ အမြန်​​မောင်းလာ​ပေမယ့်​ ကျားဖြူ​ဘေးက ကျား​ပေါက်​​လေးနှစ်​​ကောင်​ကို ​တွေ့လိုက်​ရ​တော့ ​ဒေါသထက်​ အပြစ်​ရှိသလို ခံစားသွားရသည်​။

သူကိုယ်​တိုင်​က မိခင်​မရှိ၍ ကျား​ပေါက်​​လေးနှစ်​​ကောင်​အတွက်​ စိတ်​မ​ကောင်းဖြစ်​သွားရသည်​။

သူ လွှတ်​​ပေးဖို့ စဉ်းစား​နေတုန်းမှာပဲ ညီမဖြစ်​သူ Jalsa နဲ့ ငယ်​သူငယ်​ချင်းအမည်​တပ်​ သူနဲ့​စေ့စပ်​ထားတဲ့သူဖြစ်​တဲ့ မိဖုရား​ခေါင်​ရဲ့ တူမဖြစ်​သူ မင်းသမီး Chagit တို့ ​ရောက်​လာ၍ သူ မတက်​သာတဲ့အဆုံး ကျားဖြူမကို သတ်​ပစ်​ခဲ့ရသည်​။

သူမကို အချုပ်​ထဲ ထည့်​ခိုင်းရတဲ့ အ​ကြောင်းအရင်းက .. သူမက စိတ်​ဝင်​စားဖို့ ​ကောင်းတဲ့ လူတစ်​​ယောက်​ ဖြစ်​​နေ၍ပင်​။

စိတ်​မကြည်​တာနဲ့ အနီးက လူကို သတ်​ပစ်​တတ်​တဲ့ ရက်​စက်​တဲ့ အိမ်​​ရှေ့မင်းသားအဖြစ်​ နာမည်​ကြီးကတည်းက ဖခင်​ဖြစ်​သူက လွှဲရင်​ သူ့မျက်​လုံးကို ​သေချာစိုက်​ကြည့်​ဖို့​နေ​နေ အကြည့်​ချင်း​တောင်​ မဆုံရဲကြ​ပေ။

ဒါ​ပေမယ့်​ .. သူမက သူ စ​ရောက်​လာကတည်းက သူ့ကို စိုက်​ကြည့်​​နေခဲ့​လေသည်​။ စကား​ပြောတိုင်း .. သူ ဘယ်​သူမှန်း သိ​နေတာ​တောင်​ သူ့ရဲ မျက်​လုံးကို ​သေချာစိုက်​ကြည့်​​နေခဲ့​လေသည်​။

သူမအကြည့်​​တွေက သူ့ကို သာမန်​လူတစ်​​ယောက်​လို ခံစားရ​စေသည်​။ သူမမျက်​ဝန်း​တွေကို စိုက်​ကြည့်​​နေရင်းနဲ့ သူ .. လွတ်​လပ်​မှုကိုလည်း ခံစားလိုက်​ရသည်​။

( သနားစရာ Shahamat တစ်​​ယောက်​ .. သူမ​ငေးကြည့်​မိတဲ့ အခိုက်​အတန့်​​ကြောင့်​ အမုန်းအစား စိတ်​ဝင်စားခံ​လိုက်​ရတယ်​ဆိုတာသာ .. သူမ သိခဲ့ရင်​ ~~ )

Shahamat's pov

" ​အော်​ .. ဘယ်​လို ​ရှောင်​ရင်​ ​ကောင်းမလဲ ၊ ​ရှောင်​မရလို့ ​တွေ့ရင်​လည်း သူ မမုန်း​အောင်​ ဘယ်​လိုပြုမူရင်​ ​ကောင်းမလဲ .. ဆိုပြီး စဉ်းစား​နေတာမှ သုံးရက်​ မရှိ​သေးဘူး ၊ အခု .. ငါ​လေးက လူနှစ်​​ယောက်​ဆန့်​ရုံ အချုပ်​လှည်း​လေးထဲမှာ ကျား​ပေါက်​နှစ်​​ကောင်​နဲ့ ​ဆေးခြင်းနဲ့ ထိုင်​​နေရပါ့လား ၊ ငါ​လေး .. အရမ်း ​တော်​တယ်​ ၊ F**k .. ​သေဖို့ ထိုင်​​စောင့်​​နေရသလိုပဲ "

The King's Love For HerDonde viven las historias. Descúbrelo ahora