Part 1

27.1K 1.8K 83
                                    

Unicode/
Zawgyi codeကို အောက်တွင်ဖတ်ပါရန်

ကျနော်ပြောစရာ ပုံပြင်လေးတစ်ပုဒ်ရှိတယ် မယုံကြည်နိုင်စရာကောင်းလွန်းပြီးသိပ်ကို စက်ဆုပ်စရာကောင်းလွန်းတဲ့ကျတော့်ရဲ့ အတိတ်ဘဝအကြောင်းကို .....

ခင်ဗျားတို့အားလုံး သိချင်ကြမှာပဲလေ ။ ကျနော့်ဘဝကဘယ်လောက်တောင် စက်ဆုပ်စရာကောင်းသလဲဆိုပြီး ။

ကျနော့်ဘဝရဲ့ မရိုးနိုင်တဲ့ပုံပြင်တစ်ပုဒ်က ကျနော်လူ့လောကထဲမရောက်ခင်ကထဲက ကံကြမ္မာကရေးသားခဲ့နေပြီးခဲ့ပြီ ။

.
.
.
.
.
.
.
.
.
.
.
.

ဂျွန်းနမ်းဂျွန်း နဲ့ ဂင်ဂျင်းနီ
ကျနော့်ရဲ့အဖေနဲ့အမေ
တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြလို့လက်ထပ်ခဲ့ကြပြီး ကျနော့်ကို ကိုယ်ဝန်လွယ်ခဲ့ကြတယ် ။

သိပ်ကို လှပလွန်းခဲ့တဲ့သူတို့နှစ်ယောက်ရဲ့မိသားစုဘဝလေးက ရှေ့လျှောက်လည်းအမြဲလှပနေမယ်လို့ထင်ခဲ့တယ် ။

အဲ့ဒီမှာ ဒီကျိန်စာတွေကို ပေါ်ပေါက်လာစေတဲ့ မိန်းမယုတ်တစ်ဦး ။

ကျနော့်ဖေဖေတို့ အိမ်ရှေ့မှာ သူ့လက်သူဓားနဲ့ ခြစ်ပြီး သွေးစက်တွေကို မြေပြင်မှာကျစေလျက်
.
.
.
.

" ဂျွန်းနမ်းဂျွန်း ကျမ ကို မျှော် လင့်ချက်ပေးပြီး အခြားမိန်းမတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့သူ
ကျမအချစ်ကိုလျစ်လျူရှုတဲ့ယောကျ်ား ရှင့်ကိုမုန်းတယ်
Kim Jinnie ဆိုတဲ့မိန်းမ ကျမအသည်း ကွဲနေရပြီး ရှင်ကကျမချစ်ရတဲ့သူနဲ့ ပျော်ပျော်ကြီးနေဖို့စိတ်ကူးနေတာပေါ့
စိတ်မကူးနဲ့
ကျမရှင်တို့ကိုကျိန်စာတိုက်ခဲ့မယ်
ရှင်တို့ရဲ့မွေးလာမယ့်ကလေးလေးကို ကျိန်စာတိုက်ခဲ့မယ်
ယနေ့မှစ ငါ့ရဲ့သွေးနဲ့ ဒီမြေမှာကျိန်စာတိုက်ခဲ့မယ်
ဂျွန်းနမ်းဂျွန်းနဲ့ ဂင်ဂျင်းနီ  မွေးလာတဲ့ကလေးက
အသက်ဆယ့်ရှစ်ပြည့် မကောင်းဆိုးဝါးအသွင်နဲ့ လရောင်ထိတိုင်းမိစ္ဆာဖြစ်ပါစေ
တကယ်ချစ်တဲ့သူရဲ့ကြောက်ရွံ့မှုကိုခံရပါစေ
ချစ်ရသူရဲ့သွေးမျက်ရည်နဲ့မှကျိန်စာပြေပါစေ
ဟင်းဟင်းဟင်း
မိစ္ဆာတစ်ကောင်ကို ဘယ်သူကမှ ရူးမိုက်ပြီး ချစ်ပေးမှာမဟုတ်ဘူး
အဲ့ဒီအချိန်ကြရင် နင်တို့ရဲ့သားလေး ငါခံစားရသလိုခံစားရမှာ ဟားဟား
ဟားဟားဟားဟားဟားဟားဟား
ငါကျိန်စာတိုက်ပါတယ်
မကောင်းဆိုးဝါးတစ်ကောင်အနေနဲ့ကြီးပြင်းလာပါစေ ''

Your Blood Vessels// CompletedWhere stories live. Discover now