ခမ်းနားလှသောစားသောက်ဆိုင်ကြီး၏ ဗွီအိုင်ပီအခန်း၌ စားပွဲခုံတစ်ဖက်တစ်ချက်တွင် သားနားသောခုံများပေါ်၌မျက်နှာချင်းဆိုင်ထိုင်နေသော ဂျီမင်းနှင့်ယွန်းဂီ...
တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှမပြောဘဲတိတ်ဆိတ်၍သာနေတော့သည်...
စားပွဲထိုးနှစ်ယောက်ရောက်လာပြီးတစ်ယောက်က
ဂျီမင်းနှင့်ယွန်းဂီ၏ရှေ့သို့ အမဲသားစတိခ် တစ်ပွဲစီနှင့် ဇွန်းခက်ရင်းတစ်စုံအသားလှီးဓားတို့အားချပေးလိုက်သည်...နောက်တစ်ယောက်က ဝိုင်ခွက်နှစ်ခွက်လာချပေးလိုက်သည်
ဂျီမင်းကဓားအားကိုင်ကာ စတိခ်ပြားအား ဖြတ်ခါနီး ပန်းကန်အားယူသွားသောယွန်းဂီ.........
ဂျီမင်းကတော့ ပြူးကြောင်ကြောင်လေးသာပြန်ကြည့်နေလေရဲ့...
ခပ်တည်တည်ပင်ဘာစကားမှမပြောဘဲ အတုံးလေးများလှီးပေးပြီး ပန်းကန်အားဂျီမင်းရှေ့သို့ချပေးလိုက်သည်.....
ဂျီမင်းမှာတော့ ရှက်ကာ ပါးလေးများပင်ရဲကာနေတော့သည်....
ယွန်းဂီလည်းသူ့ပန်းကန်ထဲမှစတိခ်အားလှီးကာ ခက်ရင်းဖြင့်စားလိုက်တော့သည်...
ဂျီမင်းကတော့ ချိုချဉ်ပြုံးလေးဖြင့် ယွန်းဂီအားကြည့်နေသည်...
ယွန်းဂီတစ်ယောက်ပြုံးပြကာ
" ဒေါက်တာစားလေဗျ....ကျနော်အာ့လောက်တောင်ချောလို့ငေးနေတာလား....''
" မ မဟုတ်ပါဘူး...စားမှာပါ ဟီး..''
ဂျီမင်းလည်းရှက်ရှက်နှင့်စားနေလေရာ စတိခ်တစ်ပွဲ ဘယ်လိုပင်ကုန်သွားမှန်းမသိရတော့ပါ.....ထိုစဉ်ဘေးနားသို့ တူရိယာများကိုင်ကာလာရပ်သောလုလေးယောက်.......
သူတို့၏တူရိယာများဖြင့် ချိုသာသောတေးသွားတစ်ခုကိုဖန်တီးနေလေရဲ့.....ဂျီမင်းကထိုလူလေးယောက်ကိုပြူးပြူးလေးမော့ကြည့်နေတုန်း
ဂျီမင်းဘေး နေရာအလွတ်တွင် လက်စွပ်ဘူးအားကမ်းလျက် ဒူးထောက်လိုက်သော မင်ယွန်းဂီ....ရုတ်တရက်ဖြစ်ပျက်သွားသောအရာများကြောင့် ဂျီမင်းမှာပါးစပ်ဟောင်းလောင်းလေးသာ.....ယွန်းဂီကိုငုံ့ကြည့်နေသည်
ESTÁS LEYENDO
Your Blood Vessels// Completed
FanficJeon JungKook X Kim TaeHyung မိဘတွေကြောင့် ကျိန်စာမိနေခဲ့တဲ့ Jeon Jung Kookဆိုတဲ့Vampire ကောင်လေးတစ်ယောက် အမြဲတမ်း ပေါ်လီယာနာလိုကျင့်ကြံပြီးအပျော်တွေကိုဟန်ဆောင်နေခဲ့ရတဲ့Kim Tae Hyungဆိုတဲ့သနားစရာ ကောင်လေးတစ်ယောက်