ဂျီမင်း က ထယ်ယောလည်ပင်းမှအနာအားဆေးရည်ထည့်ပေးနေသည်
" ဂျောင်းဂုကလည်း ထယ်ယောင်းကိုမညှာတော့ဘုးလား.....သွေးလည်းစုပ်သေးတယ်....ဒေါ်ဒေါ်တို့မသိအောင် ငါ့ကိုအိမ်မခေါ်ဘဲ ငါ့ဆေးခန်းအထိ လိုက်လာတာလား.....''
ဂျောင်းဂု ဘာမှမပြောခင်ပင် ထယ်ယောင်းက ကြားမှဖြတ်ပြီး.....
" အကိုဂျောင်းဂုက တမင်သွေးစုပ်ချင်လို့စုပ်တာမဟုတ်ပါဘူး....အကိုဂျောင်းဂုကို အပြစ်မပြောပါနဲ့ ကျနော်က တမင်ကျေနပ်လို့ပေးတာကို......''
ထယ်ယောင်းက ဂျောင်းဂုဘက်မှ ဆတ်ဆတ်ထိမခံပြန်ပြောနေတော့ ဂျီမင်း မျက်လုံးလေးပင်ပြူးသွားပြီး......
" ညီ.....ကိုကြီးက ညီ့ကိုစိုးရိမ်လို့ပြောနေတာနော်....''
" ရပါတယ် အကိုဂျီမင်းရဲ့ ကျနော့်ကို မစိုးရိမ်နဲ့တော့နော် စိုးရိမ်ပေးလို့လည်း အရမ်း အရမ်း....အရမ်းကို ကျေးဇုးတင်ပါတယ်...''
ထယ်ယောင်းက ချစ်စရာကောင်းလောက်အောင်ပင် ပြုံးပြတော့ ဂျီမင်းလည်း မျက်လုံးပေါက်ပင်မမြင်ရတော့အထိ ပြုံးနေလိုက်သည်
" ပြီးပြီ....ထယ်ယောင်းလေး.....''
" ဟုတ်ကဲ့....''
ထယ်ယောင်းက လည်ပင်းမှ ပလာစတာအား လက်ဖြင့်ကိုင်ကြည့်နေသည်.....ဂျီမင်းက ဂျောင်းဂုအားကြည့်ကာ...
" မင်းနော်...ငါ့ညီကို ဒါနောက်ဆုံးဖြစ်ပါစေ....''
" မပြောတတ်ဘူး ဟက်ဟက်...''
" မင်းနော်....ကြာရင် ညီ့မှာ အန္တရာယ်ရှိလာနိုင်တယ်ကွ...''
" ထားပါတော့...ထ ထယ်ယောင်းလေး ပြန်ကြမယ်...''
" ဟုတ် အကိုဂျောင်းဂု... ''
ဂျောင်းဂုက ထယ်ယောင်းလက်မောင်းအရင်းမှဆွဲကာ သွားခါနီး..နောက်ပြန်လှည့်ကြည့်ပြီး ထိုင်နေမြဲ ဂျီမင်းအား....
" ဘာလုပ်နေတာလဲ လိုက်မပို့တော့ဘူးလား.....ဆေးခန်းလည်းလူသိပ်မရှိဘဲနဲ့...''
" လိုက်မပို့လည်း သွားရနေတာကို...''
" ကျနော့်ကိုလိုက်မပို့ချင်ရင်တောင် ထယ်ယောင်းလေးကိုတော့ လိုက်ပို့ပေး....''
YOU ARE READING
Your Blood Vessels// Completed
FanfictionJeon JungKook X Kim TaeHyung မိဘတွေကြောင့် ကျိန်စာမိနေခဲ့တဲ့ Jeon Jung Kookဆိုတဲ့Vampire ကောင်လေးတစ်ယောက် အမြဲတမ်း ပေါ်လီယာနာလိုကျင့်ကြံပြီးအပျော်တွေကိုဟန်ဆောင်နေခဲ့ရတဲ့Kim Tae Hyungဆိုတဲ့သနားစရာ ကောင်လေးတစ်ယောက်