ကျွန်တော်ချီးကျူးစကားပြောဖို့ သူ့ကိုလှမ်းကြည့်လိုက်တော့ ပြောမဲ့စကားတွေ လည်ပင်းတဝက်မှာတင်တစ်သွားသည်!
"Ken...Kento..''
"ဘာဖြစ်လို့လဲ Minato''
"အင်္ကျီက ဘာလို့မဝတ်ထားတာလဲ''
"သြော် မိုးရေတွေစိုနေလို့လေ ရေစိုစိုကြီးနဲ့မနေတတ်လို့ အင်္ကျီလဲဝတ်တော့မလို့''
သူကသာ အလွယ်လေးပြောကာ တခြားအင်္ကျီကောက်စွတ်နေသည် ကိုယ့်မှာတော့ သူ့ဆီကမျက်စိမခွာနိုင်သေး..!
တောင့်တင်းကျစ်လှစ်လှသော သူ့ခန္ဓာကိုယ်တွင် ပေါက်မုန့်ခြောက်ခုက ကိုယ့်အား လာကိုက်လှည့်ပါ လာကိုက်လှည့်ပါဟု ခေါ်နေသယောင်!
် ရင်အုပ်ကျယ်ကျယ်နှင့် သူခန္ဓာကိုယ်ကိုကြည့်ရင်း စိတ်ဖြင့်ပြစ်မှားနေတော့သည်!
*သူ့ရင်အုပ်ကျယ်ကျယ်ကြီးထဲ ပစ်ဝင်ပီး ပေါင်မုန့်ခြောက်ခုကို ကိုက်လိုက်ရရင်တော့လား ဟီးဟီး*
Minatoကိုယ့်ဘာသာတွေးရင်း feelတွေစွတ်တတ်နေသည်!
"Minato တယောက်တည်းဘာတွေပြုံးစိစိလုပ်နေတာလဲ ရေသွားချိုးတော့လေ ရေနွေးနဲ့ပဲချိုးနော်
ပီးတော့အကြာကြီးမချိုးနဲ့ နေမကောင်းဖြစ်မယ် အစတည်းကလူကအားမရှိတဲ့ရုပ်နဲ့ ကြားလား သွားချိုးတော့ အင်္ကျီထုတ်ထားပေးမယ်''"အင်းပါ အဘိုးကြီးပေါက်စရဲ့ အရမ်းပါးစိပါးစပ်များတာပဲ ''
နှုတ်ခမ်းတစူစူနဲ့ရေချိုးခန်းထဲဝင်သွားသော Minatoကိုကြည့်ရင်း အူတွေယားလာသည်!
"ဒီလောက်ဆူချင်တဲ့နှုတ်ခမ်းကို နောက်တခါကျရင်အပြစ်ပေးရမယ် ဟဲဟဲ''
Kento Minatoဝတ်ရန် သူ့ဆီက ဆိုဒ်အသေးဆုံးအင်္ကျီကိုရွေးကာ ထုတ်ထားပေးသည် !
"အင်္ကျီအပြာလေးနဲ့ဘောင်းဘီအတိုလေးဆို ကလေးနဲ့သိပ်လိုက်မှာ''
ထို့နောက် ညစာချက်ရန်အတွက် Kento မီးဖိုချောင်ထဲဝင်ကာ ပြင်ဆင်နေလိုက်သည်!
"ဝါး...ရေချိုးလိုက်တာနေလို့ကောင်းသွားတာပဲ ''
Minato သူရွေးပေးထားသော အင်္ကျီနဲ့ဘောင်းဘီလေးဝတ်ကာ မီးဖိုချောင်ထဲဝင်လာသည်!