Minatoတော်တော်လန့်သွားတယ် !
သူမသိအောင်ခိုးကိုင်ပါတယ်ဆိုမှ လူမိသွားတယ် !
ဘာဖြေလို့ဖြေရမှန်းမသိတဲ့အပြင် သူ့ကိုလည်း '' ကလေး ''လို့ခေါ်ကာ သူ့ကိုယ်သူလည်း" ကိုယ် " ဆိုသောနာမ်စားဖြင့် သုံးနှုန်းကာ ဆွဲဆောင်မှုရှိလှတဲ့ သြရှရှအသံဖြင့် မေးလေသောကြောင့် Minatoငုတ်တုတ်မေ့နေလေသည် !
"ဖြေလေ ကလေး ကိုယ့်ကိုဘာလို့ကိုင်နေတာလဲ မဟုတ်မှလွဲရော ကိုယ့်ကိုပြစ်မှားနေတာတော့ မဟုတ်ပါဘူးနော် ကလေး ''
"ဘာ..ဘာလို့ပြစ်မှားရမှာလဲ မမြင်ဖူးလို့ကိုင်ကြည့်တာကို ကိုင်လို့လည်းမကောင်းဘူး ကျောက်တုံးကျနေတာပဲ အဲ့တာကိုများ စိတ်ကြီးဝင်နေသေးတယ် ဟွန့်''
သူကပဲခိုးကိုင်သေးတယ် ပီးတော့ လူကိုတောင်အပြစ်ပြောသွားသေးတယ် တော်တော်ဆိုးတဲ့ကလေး !
"ကိုင်ချင်လည်းခိုးကိုင်စရာမလိုပါဘူး ကိုယ်ကကလေးအပိုင်ပဲ ကြိုက်သလိုကိုင် ပေါ်တင်ကိုင် ဒီနေရာမှမဟုတ်ဘူး ကျန်တဲ့နေရာတွေပါ ကိုင်ချင်ကိုင်လို့ရသေးတယ် ကလေးရဲ့''
Kento Minatoရဲ့ ရှက်နေတဲ့မျက်နှာလေးကို သိပ်သဘောကျမိတာကြောင့် နားလေးကို ကပ်ပီးပြောကာ လျှာလေးနဲ့တို့ပီး မထိတထိစလိုက်တယ်!
Minato သူ့နားဖျားလေးကို လျှာလေးနဲ့တို့ကာ မထိတထိစလိုက်တာကြောင့် အမြင့်တစ်နေရာမှာ ရပ်နေသလို ရင်တွေတလှပ်လှပ်တုန်လာကာ ခြေဖျားလက်ဖျားတွေအေးစက်လာတယ်!
"Kento နှာဘူးကြီး အရှက်မရှိတဲ့ကောင်စုတ်''
Minatoလည်း ရှက်ရှက်နဲ့ ပြောချင်တာပြောပီး ရေချိုးခန်းထဲကို ပြေးထွက်လာခဲ့တယ်!
"ဟားဟား ရှက်သွားတာလေးကချစ်စရာလေးကွာ ဖြေးဖြေးလည်းသွားအုံး ချော်လဲကျအုံးမယ် Minato ''
Minato ရေချိုးခန်းထဲမှာ မတ်တပ်ရပ်ရင်း တလှပ်လှပ်တုန်နေသော ရင်အစုံကို ဖိကာ ဆောက်တည်ရာမရဖြစ်နေတယ်!
"အကျင့်မကောင်းတဲ့ကောင် လူကိုရင်ခုန်အောင်လုပ်တယ် ဘာမှလည်းမသိဘူး ဟွန့် ''
Minato Kentoအားမေတ္တာတွေပို့နေမိတယ်!
"ရေတခါတည်းချိုးလိုက်ပါမယ် ပီးရင်ကျောင်းသွားရမှာပဲကို''