"ငါတို့ယောက်ျားလေးတွေက မိန်းကလေးတွေ
ထက်ပိုပြီးအနစ်နာခံရတယ်ဟ"သူပြောတဲ့စကားလေးတစ်ခွန်း။ သူကျွန်မကိုမုန်း
နေတယ်ပဲထင်ခဲ့တာ။ မုန်းနေသင့်တယ်မလားဟာ။
စကားမပြောဖြစ်တဲ့တစ်လအတောအတွင်း ကျွန်မကိုလှည့်တောင်မကြည့်ခဲ့တဲ့သူ။ဒီနေ့ မေဂျာ တောင်တက်ခရီးမှာတောင် အတက်တုန်းက ကျွန်မကို မစောင့်ဘဲရှေ့ကသွားခဲ့တဲ့သူ။"ငါနင့်ကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးဟ။နင်က
ငါ့ဘဝမှာ ငါ့ကိုပထမဆုံးပါးရိုက်တဲ့မိန်းမ"သူအဲ့လိုပြောခဲ့ဖူးတဲ့မိန်းကလေး တောင်အဆင်းမှာ လမ်းမလျှောက်နိုင်လို့ သူက ကျောပိုးပြီးဆင်း
နေတယ်တဲ့လေ။ သူ့ကိုပါးရိုက်ထားတဲ့မိန်းကလေးကိုလေ။
သူကျွန်မကိုမုန်းနေမယ်ပဲထင်ခဲ့တာ။ကျွန်မသူ့ကိုမရိုက်ရက်ခဲ့ပါဘူး။ သူသာ တစ်ခြားတစ်ယောက်ကိုကြိုက်နေပြီလို့မပြောခင်အထိ
ကျွန်မက သူပေးတဲ့မျှော်လင့်ချက်တွေကြားမှာ
သာယာနေခဲ့သူပါ။
ကျွန်မကို "ချစ်တယ် "လို့ပြောခဲ့ဖူးတဲ့သူက
"မချစ်တော့ဘူး"လို့လည်း ပြောလာနိုင်တယ်ဆိုတာ ဘာလို့ ကျွန်မ ကြိုမတွေးမိခဲ့ပါ လိမ့်။သူက မချစ်တော့ဘူးလို့ပြောတာကို ညာနေတယ်
လို့ဘဲ ကျွန်မထင်ခဲ့မိသည်။ သူ့သူငယ်ချင်းကြောင့်
အလျှော့ပေးသည်ဟုပဲ တွေးခဲ့မိသည်။တစ်ယောက်နှင့်တစ်ယောက်ညှိယူဖို့ကြိုးစားခဲ့ကြ
ဖူးသည်။ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ခဲ့ကြဖူးသည်။ တစ်ယောက်ကို တစ်ယောက် နှလုံးသားချင်းနားလည်ခဲ့ကြဖူးသည်။ ဒါတောင်သူက
ကျွန်မ သူ့သူငယ်ချင်း ကို မကြိုက်ဘူးဆိုတာ
သိသိရဲ့နဲ့ ကျွန်မကို အရုပ်တစ်ရုပ်လိုပေးပစ်နိုင်သည်။
အခုတစ်ကြိမ်တော့ သူ့သူငယ်ချင်း ကြောင့်မဟုတ်။ သူကိုယ်တိုင်က ကျွန်မမဟုတ်သော အခြားတစ်ယောက်ကို သဘောကျသွားခြင်း။
ထိုကြောင့် ကျွန်မသူ့ပါးကိုရိုက်ခဲ့မိသည်။
ထို့အတွက်လည်း နောင်တမရမိ။
မိန်းမတစ်ယောက်၏ မေတ္တာ ကိုစော်ကားသော
အပြောင်းအလဲမြန်သော
ယောက်ျားတစ်ယောက်သည် ဒီလောက်တော့
ဒဏ်ခတ်ခံသင့်သည်ဟု ကျွန်မထင်သည်။
YOU ARE READING
Friendship or Love?
Short StoryFriends can end in love. But love can't end in friends.