မိုးစက်များက တဖွဲဖွဲကျဆင်းနေသည်။ရာသီဥတုက ကျွန်တော်တို့နှစ်ယောက်ကြား ဆက်ဆံရေးအလား အေးစိမ့်စိမ့်။ သူမကတော့ အပြင်ဘက်ကိုငေးကြည့်နေသည်။
၆နှစ်အကြာမှပြန်လည်တွေ့ဆုံကြခြင်းကို ဤမျှအထိအေးစက်နေသည်တဲ့လား။
အင်း...။ ကျွန်တော်တို့က ပြန်ဆုံတွေ့တာကိုဝမ်းသာအားရဖြစ်ရမယ့်ဆက်ဆံရေးမှမဟုတ်တော့ပဲ။"နင်ပိုလှလာတယ်"
နှစ်ဦးအကြား အေးစက်နေသော လေထုကို နွေးထွေးစေရန် ကျွန်တော်စကားစလိုက်သည်။
သူမက အပြင်ဘက်ကိုကြည့်နေရာမှ ကျွန်တော့ဘက်လှည့်လာသည်။ အပြုံးတုတစ်ခုကိုချိတ်ဆွဲ
ထားရင်း.."ကျေးဇူးပဲ"
သူမမျက်ဝန်းတွေသည် ကျွန်တော်ဖတ်တတ်ခဲ့တော့ နူးညံ့သောမျက်ဝန်းများမဟုတ်တော့ပါ။
သူမသည်လည်း ကိုကိုး ဟုခေါ်ကာ ကျွန်တော့ရင်ခွင်ထဲ ခေါင်းလေးတိုးကာချွဲခဲ့သော ကြောင်ဖြူမလေးမဟုတ်တော့ပါ။လေထုကအေးစက်ကာငြိမ်သက်သွားပြန်သည်။
သူမကလည်းဘာမှဆက်မပြော။
လွမ်းနေခဲ့ပါတယ် လို့ပြောလိုက်သင့်လား
သတိရနေတာလို့ပြောလိုက်သင့်လား
ဒါမှမဟုတ် ဒီအတောအတွင်း အဆင်ပြေရဲ့လားလို့မေးလိုက်ရမလားသူမနှင့်တွေ့လျှင်ပြောမည့်စကားတွေကို ပြင်ဆင်ခဲ့သော်လည်း ဘာလို့မေ့ကုန်တာပါလိမ့်
ပြောချင်ခဲ့သောစကားအများကြီးရှိသော်လည်းဘာလို့ဘာမှမပြောနိုင်ရတာပါလိမ့်တိတ်ဆိတ်မှုကို သူမဖုန်း ringtone သံက ဖြိုခွဲလိုက်သည်။
"အင်း ကို"
သြော် သူ့မှာဆိုင်သူရှိနေပြီလား။
ထိုနာမ်စားကိုကြားကြားလိုက်ချင်း ရင်ဘတ်ထဲ စူးကနဲ။"မေ့ ငယ်သူငယ်ချင်း နဲ့တွေ့နေလို့် ၊
ခဏနေ ပြန်လာတော့မှာ"
YOU ARE READING
Friendship or Love?
Short StoryFriends can end in love. But love can't end in friends.