အချစ်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုရခက်တယ်တဲ့။
ညီမအတွက်တော့ ချစ်ခြင်းတရားဟာ အစ်ကိုပဲ။အစ်ကို ကလူကြီးဆန်တယ်။ ညီမကိုဆို ကလေးလေးတစ်ယောက်လိုမြင်တယ်။ ညီမကို ဂရုစိုက်တယ်။ ညီမဆိုးရင်လည်း သည်းခံတတ်ပြန်ရော။ တခါတခါကျ ညီမကို ဆူတတ်သေးတယ်။ ဘယ်သူပြောပြော နားမဝင်တဲ့ညီမက အကိုဆူရင်ကျ နာခံတတ်ပြန်ရော။ အစ်ကိုပြောသလို ညီမက ကြောင်ဆိုးလေးပေါ့။
ညီမခေါင်းလေးကိုပုတ်ပြီး "ကလေးလေး" လို့ခေါ်တတ်သလို ၊ ဆူတဲ့အချိန်ကျ "ခင်ဗျားလေး"
တဲ့။ အစ်ကို ဘယ်လိုပဲခေါ်ခေါ် ညီမကတော့ အစ်ကို့ကိုကြည့်ရင်း ကြည်နူးရတာပါပဲ။
သြော် အစ်ကို့ကိုဘာကြောင့်ချစ်ရတယ်။နင်နဲ့အဲ့အစ်ကို က ရည်းစားတွေလား လို့မေးလာရင် ညီမဖြေရခက်တယ်။ တစ်ယောက်နှလုံးသားကို တစ်ယောက်နားလည်ခဲ့ပြီး၊ တစ်ယောက်အကြည့် ကို တစ်ယောက်က အဓိပ္ပါယ်ဖော်တတ်တဲ့ ဆက်ဆံရေးမျိုးလို့ဖြေရမလား။
တခါတခါ အစ်ကို က ညီမကို မြတ်မြတ်နိုးနိုးနဲ့
ကြည့်တတ်ပြီး တခါတခါကျ အဝေးတစ်နေရာကို ဆွေးဆွေးမြည့်မြည့် ငေးကြည့်နေတတ်ပြန်တယ်။ အစ်ကို က ညီမအကြောင်း အကုန်သိသလောက် ညီမကတော့ အစ်ကို့ကို မသိသေးတာတွေအများကြီးပါလား။
အစ်ကို ဖွင့်ပြောလာတာကို မျှော်လင့်ခဲ့မိတယ်။
အစ်ကို့ရင်ထဲ ညီမရှိနေတယ်ဆိုတာ အစ်ကို့မျက်ဝန်းတွေက တဆင့် ညီမနားလည်ခဲ့ပြီးပြီပဲလေ။
နှလုံးသားချင်း နားလည်ပြီးသားမို့ ဖွင့်ပြောဖို့မလိုအပ်တော့ဘူးလို့ အစ်ကို တွေးခဲ့တာများလား။"အစ်ကို ကလေးကို တမင်ဒုက္ခပေးနေမိပြီထင်တယ်"တဲ့ ။
Dinner တုန်းက အစ်ကိုမူးပြီး မျက်ရည်အပြည့်နဲ့ပြောတဲ့စကား။ မဟုတ်ပါဘူး အစ်ကိုရယ်၊
ညီမကတော့ ဒုက္ခလို့မမှတ်ယူပါဘူး။
တကယ်လို့ ဒုက္ခဆိုရင်တောင် ဝဋ်ကြွေးလှလှလေးဆိုပြီး ညီမချစ်ပါ့မယ်။
အစ်ကိုကသာ ညီမအသက်ရှင်နေရခြင်းရဲ့ အကြောင်းပြချက်ပါ။" အစ်ကို့ကြောင့် ညီမလေးကိုမငိုစေချင်ဘူး" တဲ့။
ညီမ အစ်ကို့ကြောင့် မငိုခဲ့ဖူးပါဘူး အစ်ကိုရယ်။ အစ်ကို့ကြောင့် ပျော်ခဲ့ရတာတွေပဲရှိခဲ့တာပါ။
အို..ဘာလို့ အစ်ကို ငိုနေတာပါလိမ့်။
YOU ARE READING
Friendship or Love?
Short StoryFriends can end in love. But love can't end in friends.