မိန်းမတစ်ယောက်က ဘဝမှာ တစ်ခါတော့ ဖယာက်ျားတစ်ယောက်ကို အဆုံးစွန်ထိချစ်ဖူးကြတယ်။ အဲ့ဒီယောက်ျားကိုပဲ အမြတ်နိုးဆုံးဖြစ်ပြီး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
သိမ်းထားတတ်တယ်။
ဟုတ်ပါတယ် ။ ကျွန်မအတွက် မောင်က
ကျွန်မအဆုံးစွန်ထိချစ်ဖူးတဲ့တစ်ဦးတည်းသောယောက်ျားပါ။ နောက်ထပ် အချစ်တွေထပ်တွေ့ခဲ့သည်တိုင် မမေ့နိုင်မယ့် လူသားတစ်ဦးပါ။ မောင် စဖွင့်ပြောခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ညက စပြီး ၄နှစ်လုံးလုံး မပြောင်းလဲခဲ့တဲ့ ချစ်ခြင်းတွေရယ်ပါ။ မောင်နှင့် ကျွန်မ လမ်းခွဲ
ခဲ့ခြင်းမှာ နှစ်ယောက်လုံးက လမ်းခွဲစကား
မပြောခဲ့ကြပါ။ သို့သော် ကျွန်မတို့ဝေးသွားခဲ့ကြသည်။
....................................................................."အဆင်ပြေနေလားဟင် "
ကျွန်မလွမ်းနေခဲ့ရသောမောင့်အသံလေး။မေးရက်လိုက်တာ မောင်ရယ်။ မောင်နဲ့အဝေးမှာ ကျွန်မအဆင်ပြေနေမယ်များထင်နေလား။
မောင့်ကိုချစ်တဲ့စိတ်၊ လွမ်းတဲ့စိတ်တွေကို
ထိန်းချုပ်ထားရတာရူးမတတ်ပဲ။တစ်မြို့လုံးနှံ့နေတဲ့ ခြေရာအချို့ရယ်၊ ဘယ်နေရာကြည့်ကြည့်မြင်နေရတဲ့ ပုံရိပ်အချို့ရယ်ကြောင့် ကျွန်မ ဇာတိမြို့လေးကနေထွက်ပြေးခဲ့တာ။ နှစ်တွေကြာတာတောင်မတည်ငြိမ်သေးပါဘူးကွယ်။
မောင်လက်ထပ်သွားတဲ့သတင်းကိုလည်း
ကြားပါရဲ့။ ကျွန်မဘယ်နေရာမှာရှိမှန်းသိနေရဲ့နဲ့ ၊ ကျွန်မဖုန်းနံပါတ်ကိုလည်းသိနေရဲ့သားနဲ့
(မောင်မဖျက်ပစ်သေးရင်ပေါ့)၊ ဖိတ်စာလေးတစ်စောင်တောင် အသိအမှတ်ပြုပြီးပို့ခြင်းမခံရတဲ့ မိန်းမရယ်ပါ။ ဒီတခုတော့ မောင့်ကို ကျွန်မစိတ်ဆိုးမိပါသည်။မောင့်သတင်းတွေကိုအမြဲနားစွင့်ခဲ့ပါသည်။
မောင့်ဇနီးကမောင့်အတွက် သမီးလေးမွေးပေးကြောင်း၊ ကလေးက မောင်နဲ့တူကြောင်း၊
ကျွန်မနဲ့မောင့်အကြောင်းကိုသိနေတဲ့ သူငယ်ချင်း တွေက လာလာပြောကြပါတယ်။
YOU ARE READING
Friendship or Love?
Short StoryFriends can end in love. But love can't end in friends.