Episode-7

127 21 2
                                    

Into the little forest

Episode-7
<<Final Episode-1>>

နောက်တစ်နေ့မနက်
လေ့ကျင့်ရေးခန်းထဲတွင်

"အဖွဲ့မှုးကျွန်တော်တောင်းပန်ပါတယ် မနေ့ကလေ
အဖွဲ့မှုးခိုင်းထားတာတွေကို တမင်အကုန်ပြီးအောင်မလုပ်တာ
မဟုတ်ပါဘူး…"

"ရတယ် ငါလဲမနေ့က တံခါးပိတ်ခဲ့တာ တမင်လုပ်တာမဟုတ်ဘူး
ကဲ လေ့ကျင့်ကြမယ် ဒီနေ့ကအဖွဲ့လိုက် လေ့ကျင့်ရမယ်"

ခဏနေတော့ အဖွဲ့၁နဲ့ ၂က အဖွဲ့ဝင်တွေအကုန်ရောက်လာကြတယ် ၂ယောက်တစ်ဖွဲ့ပြီး
တိုက်ကွမ်ဒိုလေ့ကျင့်တဲ့ အဖွဲ့ကလေ့ကျင့် လက်ဝှေ့လေ့ကျင့်တဲ့တဲ့
အဖွဲ့ကလေ့ကျင့်နဲ့ပေါ့
JBနဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ Youngjaeကတော့ မနေ့ကကိစ္စကြောင့် အားနည်းနေတာကတစ်ကြောင်း JBကိုရင်မဆိုင်ရဲတာကြောင့်တစ်ကြောင်း အလွဲလွဲအမှားမှားတွေဖြစ်လို့

"ဆေးဗိုလ် CHOI YOUNG JAE!! သေချာမလုပ်ဘူးလား စစ်တပ်ကိုရယ်စရာလိုမြင်နေတာလား"

JBအော်လိုက်တော့ Youngjaeကိုယ်လေးတုန်သွားတယ် အသံကတော်တော်ကျယ်တာမို့လို့ တခြားအဖွဲ့တွေကပါလှည့်ကြည့်လာတယ်
အဲ့အချိန်JBကထက်ပြီး

"ငါပြောနေတာငါ့ကိုမကြည့်ဘဲ ဘယ်ကိုကြည့်နေတာလဲ ဒါငါ့ကိုမလေးစားတာ တာယာ၃ကွင်းခါးမှာဆွဲပြီး လေ့ကျင့်ရေးကွင်းကို အခေါက်၂၀ပတ်ပါ"

လူတွေအများကြီးဝိုင်းကြည့်နေတဲ့အချိန် အဆူခံရတာရော ဆူနေတဲ့သူက သူချစ်ရသူဖြစ်နေတာရောကြောင့် Youngjaeထိန်းနေတဲ့ကြားက ကျလာတဲ့မျက်ရည်တွေကို ဘယ်သူမှမမြင်အောင်သုတ်လိုက်ပြီး လေ့ကျင့်ရေးခန်းထဲကထွက်ပြေးသွားလေရဲ့

~~~~~~~

"Hyungရက်စက်တယ် တောင်းပန်ခွင့်လေးတောင်မပေးပဲ အခုလိုစိမ်းကားနေတော့ Youngieကဘယ်လိုနေရမှာလဲ ဒီအတောအတွင်း Youngieဘာတွေဖြစ်ခဲ့လဲဆိုတာ hyungလုံးဝမသိချင်တော့တာလား hyungရင်ထဲမှာ Youngieလုံးဝမရှိတော့တာလား ဟင့်…အင့်…"

လေ့ကျင့်ရေးကွင်းထဲမှာ ပြေးရင်းနဲ့ အော်ငိုနေတဲ့Youngjae

သူ့မျက်ရည်တွေကို တခြားသူမမြင်အောင်
အငြိုးနဲ့ရွာချလိုက်တဲ့မိုး
ဒီအဖြစ်အပျက်တွေကို
ဌာနချုပ်ရုံး ဒုတိယထပ်ရဲ့ ပြတင်းပေါက်ကနေလှမ်းကြည့်နေတဲ့JB မျက်လုံးတွေလဲနီရဲလို့

Into the little forestTempat cerita menjadi hidup. Temukan sekarang