Episode-8 (Final)

181 25 29
                                    

Into the little forest

Episode-8
<<Final Episode-2>>

အဲ့ဒီနေ့ကစပြီး တပ်သားသစ်အဆောင်က အခန်းတစ်ခန်းရယ် အရာရှိအဆောင်ကအခန်းတစ်ခန်းရယ် ညသန်းခေါင်အချိန်မှ မီးပြန်ပွင့်လာတက်တယ်

တပ်သားသစ်အဆောင်က ပြည့်ပြည့်ဖောင်းဖောင်း ကောင်လေးတစ်ယောက်ရယ်
အရာရှိအဆောင်က ကောင်ချောလေးတစ်ယောက်ရယ် အဆောင်၂ခုကိုခြားထားတဲ့ အုတ်တံတိုင်းကို ကျော်ပြီးအပြင်ထွက်တဲ့နေ့ထွက် အုတ်တံတိုင်းဘောင်မှာထိုင်တဲ့နေထိုင်ရင်း ချိန်းတွေ့ခဲ့ကြသည်

ထိုအတွဲချိန်းတွေ့နေကျနေရာကို
ချိန်ထားတဲ့ CCTVကို ညတိုင်းပိတ်ပေးနေရပါသော
ITဗိုလ်လေးBambam
CCTVအခန်းထဲအလုပ်ရှုပ်နေစဉ်
ဘေးကနေ သွားလေရာလိုက်ပြီး
စကားကို ခရားရေလွှတ်ပြောကာ အချစ်အဖြေရရန်ကြိုးစားနေသော
အရာရှိလေး Wang Jackson

ခဲတံချွန်တဲ့ဓားကို တစ်နေ့တစ်ခါအရှခံပြီး တပ်ဆေးခန်းအထိ ပလာစတာသွားအကပ်ခံသော စကားနဲလှတဲ့အရာရှိလေး Mark Tuan
စကားမပြောပဲ
တစ်ချိန်လုံးစိုက်ကြည့်နေပြီး မျက်လုံးထဲက အသဲတွေတစ်ချိန်လုံးပစ်လွှတ်နေတဲ့ Markရဲ့ အကြည့်တွေကိုရှောင်ရလို့လားမသိ အလွဲလွဲအမှားမှား ဖြစ်နေရတဲ့ အမှားမလုပ်ဖူးပါသော စံပြဆေးဗိုလ်လေး
Park Jinyoung
သူတို့ကတော့ သူတို့ဘာသာဟုတ်လို့

စစ်သေနာပတိချုပ်တွေ ဗျူဟာမှုးတွေပြီးရင် ဒီဌာနချုပ်မှာ ရာထူးအကြီးဆုံး၃ယောက်ဖြစ်တဲ့ သွေးရောမျက်ရည်ရောပါမရှိပါဘူးလို့ တင်စားထားတဲ့သူတို့အထက်လူကြီးတွေရဲ့ သူတို့ချစ်သူတွေနဲ့ မထော်မနန်း အီစီကလီ အူယားစရာ အချစ်ဇာတ်လမ်းတွေကို မြင်ပါသောလဲ မမြင်ချင်ယောင်ဆောင်ပေးထားရသော အထူးတပ်ဖွဲ့ဝင်တပ်သားတွေကတော့ သူတို့ကိုယ်သူတို့သနားတယ်တဲ့

…………………

၅လခန့်ကြာပြီးနောက်

အထူးတပ်ဖွဲ့ဝင် မွန်းမံသင်တန်းဆင်းပွဲတွင်ဖြစ်သည်
အရည်အချင်းပြည့်မီတဲ့ အထူးတက်ဖွဲ့ဝင်ခွင့်ရသူ
များသောနှစ်ဖြစ်လို့ စစ်သေနာပတိချုပ်ကြီးပါ တက်ရောက်ချီးမြှင့်ခဲ့သည် ပွဲပြီးလို့ စစ်သေနာပတိချုပ်နဲ့ တခြားအပြင်မှပွဲတက်လာတဲ့ အရာရှိတွေအကုန်ပြန်သွားချိန် မီးမှိတ်ထားပြီဖြစ်တဲ့ stageစဉ်က မီးတွေပြန်လည်လင်းလာခဲ့တယ်
မဟုတ်ဘူး ပွဲအချိန်တုန်းကထက်တောင် ပိုလင်းလာတာ
အဲ့ဒီအချိန် ပွဲစီစဉ်တဲ့အဖွဲ့နဲ့ ပစ္စည်းတွေဝိုင်းသိမ်းပေးနေတဲ့ Youngjaeတစ်ယောက်
Bambamရဲ့ရုတ်တရက် လက်ဆွဲခေါ်ခြင်းခံရလို့ပါသွားတော့

Into the little forestDonde viven las historias. Descúbrelo ahora