ခင်ဗျားကိုတွေ့တိုင်း
"တစ်ခုခုတော့ လွဲနေပြီ"လို့ ကျွန်တော်တွေးမိတယ်။
ဘယ်နေရာမှာ လွဲနေမှန်းမသိပေမယ့် သေချာပေါက်ကို တစ်ခုခုလွဲနေတာ ဖြစ်မယ်။ခင်ဗျားအတွက်က အပြုံးလေးတစ်ခုဆိုပေမယ့်
ကျွန်တော့်မှာ ကမ္ဘာပျက်နေရတာ
မကြွေကျဘဲ သေသွားတဲ့ကြယ်တွေ
ခင်ဗျား မြင်ဖူးလား?ဝေးဝေးသွားဆိုတော့
မစိမ်းကားပါနဲ့ကွာ တဲ့
ဒါဖြင့် နီးစပ်ပါရစေ ပြောတော့
ဟင့်အင်း လို့ ငြင်းတယ်
ကျွန်တော့်တစ်ယောက်တည်း ကွက်မိုးကြီးနေတဲ့ အခါကျ
ခင်ဗျားက ထီးတစ်ချောင်းနဲ့ရပ်နေပြန်ရော
ကျစ်...
တကယ်တော့
ခင်ဗျားက ပြဿနာပဲခံစားချက်တွေက ပြက်လုံးတွေပါလို့
ခင်ဗျားကို ဘယ်ဘုရားဟောခဲ့လဲ
မဟုတ်သေးပါဘူး
မြိုသိပ်တတ်ရင် ပျော်ရွှင်ရမယ်လို့များ
ဘယ် တတ်ကျမ်းမှာ ဖတ်ခဲ့ရသလားပဲခင်ဗျား ဦးနှောက်ထဲက
အယူဝါဒ အားလုံး မောင်းထုတ်
လက်တွေ့ဘဝမှာ ကျွန်တော့်ကိုပဲချစ်နေပေးပါ ပေါ့
ဒီလိုပြောရင် ခင်ဗျားရယ်မလား
ခင်ဗျားဆီက တရှိန်ရှိန်ထွက်နေတဲ့
တည်ကြည်ခြင်းတွေကိုမုန်းတယ်
ခင်ဗျားက ကျမ်းစာကိုင်ထားတဲ့ ဖာသာဖြစ်နေပြီး
ကျွန်တော်က ခင်ဗျားရှေ့မှာ ကျုံ့ကျုံ့ထိုင်နေတဲ့
အပြစ်ဝန်ခံသူ ငမိုက်သားလေး လို ခံစားချက်မျိုးစိတ်ပျက်စရာပဲ !
အရာရာကို နားလည်ပေးနိုင်တဲ့
အကိုကြီးလို
ဟန်မဆောင်ပါနဲ့
ခင်ဗျား ချစ်တတ်တာ ကျွန်တော်သိတယ်။ကျွန်တော်က မချစ်တတ်ဘူး
လွမ်းပဲလွမ်းတတ်တာ
တစ်ယောက်တည်းပဲနေမှာလို့ အမြဲအော်ဟစ်နေခဲ့ပြီး
ခင်ဗျားရဲ့ လက်မောင်းတွေကိုပဲ အားကိုးတကြီးဖက်တွယ်ထားမိတာ။