အချစ်ဆိုတာ
ထာဝရမတည်မြဲခဲ့ရင်တောင်
ဘဝဆက်တိုင်းတော့ တည်မြဲနိုင်မယ်မဟုတ်လား……။Nostalgia~~
(PART Of Fanxian)
"ဘတ်ခ်ဟွန်း~ သား ဒီနေ့ဘယ်သွားစရာရှိလဲ? "
"ကော်ဖီဆိုင်ကိုပါ။ အခုတလော ပင်ပန်းနေလို့ စိတ်ပြေလက်ပျောက်အနေနဲ့ ကျွန်တော်ပဲတာဝန်ယူဖို့ လုပ်ထားတယ်။"
"ဒါနဲ့ သတင်းကြားပြီးပြီလား? မင်းသူငယ်ချင်းက ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ဖို့လုပ်ထားတယ်ဆို ဟက်! ဝန်ကြီးချုပ်ပတ်က သူ့သားက လွှတ်တော်အမတ်ဖြစ်ပြီဆိုပြီး ကြွားဝါနေတာ ဘယ်တုန်းကမို့လဲ။ အခုတော့ လမ်းဘေးကတစ်ယောက်နဲ့ ! အဲ့ဒါတောင် ယောကျာ်းလေးနဲ့တဲ့ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ?"
နှင်းဆီဖူးတို့ဝေဟန် ကျက်သရေရှိလှသည့် ကြွေခွက်ထဲမှ လက်ဖက်ရည်ကြမ်းအား သုံးဆောင်ရင်းပြောဆိုနေသည့် ဂုဏ်သရေရှိဖခင်အား ကြည့်၍ ဘတ်ခ်ဟွန်း သက်ပြင်းသာချမိသည်။ မိခင်သည်လည်း အသီးတို့အား ဓားဖြင့်ခွဲခြမ်းပေးရင်း ခင်ပွန်းသည်နည်းတူ လှောင်ပြုံးတို့ဖြင့်သာ ရှိနေ၏။ စိတ်ပျက်ဖွယ်ကောင်းလှသော ဤဂုဏ်ကြီးမြတ်သော မိသားစု၌ အဘယ်ကြောင့် ထပ်မံမွေးဖွားခဲ့သနည်း။ စဉ်းစား၍မရနိုင်စွာ……… စိတ်ပျက်မိ၏။
နွေးထွေးရမည့် မိသားစုအစား အေးစက်စက်ဖြစ်၍ ဥစ္စာဓနတို့ကိုသာ စကားဝိုင်း၌ ဖောသီသီအသုံးပြုသည့် ချမ်းသာခြင်းကြီးလှသော မိသားစု……။
သူသည်လည်း ချန်းယောလ်နည်းတူ မွေးဖွားခဲ့လေသည်ကြောင့်………။"အဖေ!~"
"…………"
"ချန်းယောလ်ရှေ့မှာ အဲ့စကားမျိုး သွားမပြောမိစေနဲ့။ အဖေဒုက္ခရောက်မှာစိုးလို့ပြောနေတာ အဖေအခုလုပ်နေတဲ့ဟိုတယ်resortက သူ့နယ်မြေထဲမှာနော်။ သတိလေးထားသင့်တယ်။ "
"ငါက မမှန်တာပြောနေလို့လား? သူ့ကိုငါက ဘာကိစ္စကြောက်နေရမှာလဲ? "
"ဟုတ်ကဲ့~ အမှန်တရားပါပဲ။ ချန်းယောလ်က အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် အဲ့ကောင်လေးနဲ့ပတ်သတ်ရင် တစက်လေးမှ အထိခံမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သတိထားခိုင်းနေတာပါ။ အဖေဘယ်လောက်ပဲ ကြီးမြတ်နေပါစေ တော်ဝင်မိသားစုဝင်ကို ဘယ်ယှဉ်ရပါ့မလဲ?"
BINABASA MO ANG
' Nostalgia '
Fanfictionမင်းဘယ်မှာပဲရှိနေပါစေ။ ကိုယ်ရအောင် ရှာနိုင်တယ်။ Fiction Title Song:For You(Scarlet Heart :Ryeo) (First:You should read Two Suns make One Love(နေနှစ်စင်း၏ချစ်ခြင်း) to read this fiction)