အပိုင်း(၂)

4.7K 296 7
                                    


စိတ်ပျက်စရာ နေ့တစ်နေ့ကတော့ ကုန်သွားပြန်ပြီ.... ။
အပြင်ကို ခိုးထွက်ဖို့အတွက် ရုပ်ဖျက်ရတာနဲ့
အစောင့်တွေကို မလိမ့်တပတ်လုပ်ပြီး နောက်ချန်ထားခဲ့တာတောင်
အချိန်မမီလိုက်ဘူး....။

ရောက်ရုံလေးပဲ ရှိသေးတယ်...!!
သက်တော်စောင့်တစ်ယောက်က အပြေးလာပြောသည်.....။
ကချေသည် ပြန်သွားပြီတဲ့....!!
လူအုပ်ကြီးကတော့ စိတ်လှုပ်ရှားနေကြတဲ့ ပုံစံမျိုးနဲ့ ရှိနေကြတုန်းပဲ...။
နဖူးပေါ်မှ ဆံပင်များကြားထဲသို့ လက်ချောင်းများထိုးသွင်းပြီး
တစ်ချက်သပ်တင်ကာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း
မှုတ်ထုတ်မိသည် ။
ကပွဲကို ကြည့်ချင်လွန်းအားကြီး၍ ဤနေရာသို့
အပြေးလာခဲ့သော်လည်း နောက်ကျသွားသည်ပေါ့....။

သို့သော်လည်း အားလုံးတော့ အလကားမဖြစ်ပါ ။
လမ်းတွေပေါ်မှာ အရောင်အသွေးစုံလှတဲ့ လူတွေ ပျားပန်းခတ်မျှ
သွားလာနေသည်ကို ကြည့်ခြင်းဖြင့် ဒီနေ့ဟာ ဈေးနေ့ဖြစ်တယ်
ဆိုတာကို သတိရမိသွားသည် ။
ဒီလို နေ့များမှာဆို ကျွန်တော် အင်မတန် ပျော်သည် ။
ကျွန်တော့်မြို့တော်လေးရဲ့ လမ်းတွေမှာ လူတွေပြွတ်သိပ်ပြီး
ပြည့်နှက်နေတာကို ကြည့်ရတာဟာလည်း အလှတစ်ပါးပဲဟု
ယုံကြည်ထားသည် ။

အခြားနေ့တွေမှာဆို ကျွန်တော့်ဘေးနားမှာ ဗိုင်ယာ နဲ့ ရှိုင်ဇန်
နှစ်ယောက်က အမြဲအသင့်ရှိနေတာ....။
ဒီနေ့တော့ တစ်ယောက်တည်း .....။
ဒါကြောင့် လွတ်လပ်စွာ ကိုယ်လုပ်ချင်ရာ လုပ်နိုင်သည်လေ...!!
ခါတိုင်းဆို လုံခြုံရေးအခြေအနေကြောင့် မည်သူနဲ့မှ
လွတ်လွတ်လပ်လပ် စကားပြော၍ မရ...... ။
ဒါပေမယ့်လည်း ဒီနေ့ကိုတော့ ကျွန်တော်ပိုင်သွားပြီ....!!
ဒီကို မလာခင် ခဏတုန်းကတောင် သူမအတွက် ကုန်သည်တွေဆီက
ပန်းဝယ်ခဲ့ရန် မယ်တော်က မှာလိုက်သေးသည် ။

ကျွန်တော်ဟာ ကိုယ့်အခြေအနေကို ကိုယ်မသိတဲ့
မိုက်မဲတဲ့ လူတစ်ယောက်တော့ မဟုတ်ရပါ..... ။
ဒါပေမယ့် ဒီနေ့တော့ ကျွန်တော် မိုက်ကြည့်ဖို့ ဆုံးဖြတ်ထားသည် ။
မြို့တော်ရဲ့ ညစ်ပတ်ပြီး အထီးကျန်ဆန်တဲ့လမ်းတွေပေါ်
တစ်ကိုယ်တည်း လမ်းလျှောက်ရင်း ဆင်းရဲသားတွေနေထိုင်သော
ဆင်ခြေဖုန်းရပ်ကွက်တွေထဲ ရောက်လာခဲ့သည် ။
ဒီနေရာဟာ အခွန်အကောက်တွေ ကင်းလွတ်ခွင့်ရရန်အတွက် ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့တဲ့ နေရာတစ်ခုပေါ့...။
ဘာလို့ဆို သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ကျွန်တော် နားလည်တာကြောင့်ပါ....။

ကန္တာရ ကချေသည် (Myanmar Translation) Where stories live. Discover now