ကျွန်တော် အိပ်ရာမှ နိုးသောအခါ လက်ရှိကိုယ့်အခြေအနေကို
သတိမထားမိနိုင်ဘဲ ပုံမှန်အတိုင်းလိုပဲ ကိုယ်ကို နည်းနည်း
လှုပ်ကြည့်တော့.....
အား....နာလိုက်တာ. !!
တစ်ကိုယ်လုံး နာကျင်နေတယ်.... !!မနေ့က လက်နက်မျိုးစုံနဲ့ အထုအထောင်းခံရပြီး
သေလုမတတ် ခံစားခဲ့ရသည်များကို ပြန်မြင်ယောင်လာခဲ့သည် ။
လက်ကို အိပ်ရာပေါ်မှာ ထောက်ရင်း ကိုယ်ကို ခပ်ဖြည်းဖြည်းမကာ
ထမိတော့ နာကျင်နေမှုကြောင့် ပါးစပ်မှ ညည်းသံ ခပ်တိုးတိုး လွှတ်ခနဲ ထွက်သွားသည် ။
လက်ဖျံနေရာကအစ တစ်ကိုယ်လုံးနီးပါး ပတ်တီးစည်းထား၍
လူသည်လည်း ရုပ်ထုဖြစ်၍နေပြီ ။ကိုယ်ပေါ်မှာလွှမ်းထားသောစောင်ကို ဖယ်လိုက်ပြီး
နောက်ထပ် လွှမ်းထားသော အဝတ်စဆီသို့ အားစိုက်ကာ
ငုံ့ကြည့်မိရင်း ပတ်တီးစည်းထားသောနေရာတွေဆီ သတိထားကာ လိုက်ကြည့်မိသည် ။
ဟင်.....!!!
ကျွန်တော် စိုးရိမ်မိတာ ဒီပတ်တီးတွေ မဟုတ်ဘူး.....
ကျွန်တော့်တင်ပါးပေါ်မှာ တံဆိပ်ရိုက်နှိပ်ထားတဲ့ အမှတ်အသား....!!
သူတို့ မြင်သွားပြီလား....??
ဒီဒဏ်ရာတွေကို ဘယ်သူကများ ဆေးထည့်ပေးတာလဲ...??
သူတို့သာ တကယ်လို့ သိသွားကြပြီဆိုရင်
ကျွန်တော့်အတွက် ဘယ်လိုမှ ကောင်းကျိုး မရှိနိုင်တော့ဘူး ။လွှမ်းထားသော အဝတ်စကို ဖယ်ခွာလိုက်ရင်း
ကျွန်တော့်အဝတ်အစားတွေနဲ့ အတူရှိနေမယ့် ဓားတွေကို
အခန်းတဝိုက် ထိပ်ထိပ်ပျာပျာ ဝေ့ဝဲကာ ရှာမိသည် ။
ကျွန်တော့်အဝတ်အစားတွေက သိပ်များများစားစားတော့မဟုတ်ပေ ။
အညို နှင့် အစိမ်းရောင် နှစ်ထည်တည်း...။
အစိမ်းကတော့ ကျွန်တော် ကချေသည် မဖြစ်ခင်ကတည်းက
ဝတ်လာခဲ့တာ...။
အညိုကတော့ အစိမ်းရောင်ပိုးထည်ကို ဖုံးလိုဖုံးငြား
ထပ်ဝတ်ထားခဲ့တာ...။
ဟော.....တွေ့ပါပြီ...!!
မလှမ်းမကမ်းမှာ ....ကျွန်တော့်အင်္ကျီတွေက....!!ကိုယ်ပေါ်မှာ လွှမ်းထားဆဲဖြစ်သော စောင်ပါးကို ဆတ်ခနဲ
လွှင့်ပစ်လိုက်ပြီး အဝတ်တွေ တင်ထားသော စားပွဲဆီသို့
ဒယိမ်းဒယိုင် ခြေလှမ်းများဖြင့် လှမ်းနေစဉ်မှာပဲ
နောက်ဖက်မှ ဘောင်းဘီကို ဆွဲလိုက်ခြင်းကို သတိထားမိလိုက်သည် ။
မဟုတ်ဘူး......!!
ကျွန်တော် ဒီက ထွက်သွားရမယ်....!!!
BINABASA MO ANG
ကန္တာရ ကချေသည် (Myanmar Translation)
Romanceနှလုံးသားဒဏ်ရာဗရပွနဲ့ စိတ်ဓာတ်ကျနေတဲ့ မင်းသားတစ်ပါးနဲ့ စိုးရိမ်ထိတ်လန့်စရာ အတိတ်တွေရှိတဲ့ ဓားသွားကချေသည်လေးတစ်ယောက်တို့ သဲကန္တာရ ရဲ့ အချမ်းသာဆုံးမြို့ကြီးတွေထဲက တစ်မြို့မှာ တွေ့ဆုံမိကြတဲ့အခါ ဘာတွေများ မမျှော်လင့်တာတွေ ဖြစ်လာကြမလဲ....??????????? The...