^1^

39.7K 794 65
                                    

'ဟေ့ကောင်တွေ အောင်လား မင်းတို့!! မအောင်ရင် အိမ်ပေါ်ကိုတက်မလာနဲ့!!!!'
ခြံတံခါးဖွင့်ဖွင့်ခြင်းကြားလိုက်ရသည်က ဖေဖေဦးခွန်အောင်ရှင်း ၏ ကြိမ်းဝါးးးသံ...

တုံ့ပြန်မှုကတော့ ရင်ဘတ်ကိုလက်ညိုးထိုးရင်း
'ရှင်းသန့်ကို မေးတာလား ကျွန်တော့ကိုမေးတာလား ဖားသား' လို့မေးနေတဲ့ ခွန်ကြယ်စင်ရှင်း၏ အိုဗာ ကွန်ဖီးဒန့် မျက်နှာနဲ့ သောက်ဖတ်မလုပ်ပဲ ph ပွတ်နေတဲ့ ခွန်ရှင်းသန့်၏ ဘဝင်လေဟပ်မျက်နှာ...
.
.
.
.
မျက်နှာအချိုးတွေကိုကြည့်ရင်း အားတက်သရောမေးမိတယ်
'ရှင်းသန့်ကော မင်းကိုရောမေးနေတာ'
'ရှင်းသန့်ကတော့ကျတယ် ဖီဖီ'
ဘာ!!!လှည့်အော်မလို့ကြည့်လိုက်တော့ ဘယ်ရောက်သွားမှန်းမသိတဲ့ရှင်းသန့်
ဦးခွန်အောင်ရှင်း တစ်ယောက် ဒေါသကိုထိန်းရင်း
'ကြယ်စင်ရှင်း သားကကော'
'ကျွန်တော်ကမအောင်ဖူး! သွားပြီ ဖီဖီရေ'
လှေကားပေါ်ပြေးတတ်ရင်း အော်ဟစ်သွားတဲ့သားနဲ့ အစရှာမရတဲ့ သား... ၂ယောက်လုံးကထောင်ထောင်မောင်းမောင်းနဲ့မို့ အားကိုးလို့ရမယ်လို့မထင်နဲ့ ပန်းအိုးသယ်ခိုင်းရင်တောင် ခေါင်းမူးတယ် ဖင်နာတယ်အော်ပြီးဖျက်စီးလွန်းလို့ ဘာမှမခိုင်းရဲ...
အမြွှာမို့လို့  ကျန်တဲ့နေရာတွေသာစိတ်ချင်းတူမယ် ပြသနာကိုတော့ တယောက်တမျိုးနဲ့မတူနိုင်အောင် ထူးချွန်ကြတယ် ၁၀တန်းသာ ၃နှစ်ကျတာ

မဖြစ်သေး ဒီကိစ္စကိုတော့ အချစ်နဲ့တိုင်ပင်ပြီး ထိထိရောက်ရောက်လုပ်မှဖြစ်မယ်
.
.
.
.

.
.
'ရှင်းသန့်..'
'what??'
'မင်းဂိမ်းကိုခဏချထား ငါအရေးကြီးတာပြောမို့..'
'say!'
'ငါတို့ကို တောင်ငူက ဆရာတယောက်ဆီမှာ သွားနေခိုင်းမို့တဲ့.!'
'who say?'
'သေနာကောင်ရယ် လူလိုပြောစမ်းဘာ အင်္ဂလိပ်စာကျတော့၅မှတ်မပြည့်ဖူး တံတွေးတွေစင်လို့ဘာ!'
'အေးဘာ ငါတို့ကိုတောင်ငူပို့မယ်လို့ ဘယ်သူပြောတာလဲ!'
'ဒီဒီနဲ့မီမီ'
'Oh god!!!! fucking good!! အားး!!'
အပီအပြင်မှုတ်နေသောသေနာကောင်ကား ကြယ်စင်ရှင်းတယောက် ထုလိုက်ခြင်း...
'ထွီ ငါ့ပါးစပ်ထဲဝင်ကုန်ပြီသေနာရဲ့'

'အေးပါကွာ မင်းကလည်းပျော်သွားလို့ပါ!!'

'ဘာပျော်စရာရှိလို့လဲ စာသင်ရမယ့်ကိစ္စကို!'

Our Funny SexWhere stories live. Discover now