တစ်ခါတစ်လေတော့ အချိန်ယန္တရားကြီးက သိပ်ရက်စက်တယ်လို့ တွေးမိတယ်။
ကိုယ်တို့ မဖြစ်ချင်တာတွေဆို ကြာရှည်စွာ ခံစားစေတယ်။ စောင့်ဆိုင်းရတာမျိုးတို့၊ ကိုယ့်အနားမှာ ဘယ်သူမှ မရှိဘူးလို့ တွေးထင်စေတာမျိုးတို့ပေါ့၊ဒါမှမဟုတ် တဆစ်ဆစ်ကိုက်ခဲနေတဲ့ ဒဏ်ရာတွေ။မေ့ပစ်သင့်တဲ့ အတိတ်တစ်ခုကိုပဲ ပြန်ပြန်အလည်သွားစေတဲ့ repeat powerတစ်ခုကိုလည်း အဲ့အချိန်ကပိုင်သေးတယ်။ ဘယ်လောက်တောင် ဆိုးရွားသလဲ။
ကိုယ်တို့ ပျော်ရွှင်ခဲ့တာမျိုးတွေကျ forwardနဲ့ ရစ်ပစ်လိုက်သလိုပဲ မြန်လိုက်တာ။ဘာလို့လဲ၊ ဘာလို့ စိတ်ချမ်းသာမှုတွေဆို အိပ်မက်တစ်ခုလို မြန်မြန် ပြီးသွားစေတာလဲ။
ရက်စက်တယ်။ ရူးလောက်တဲ့ နာကျင်မှုတွေအတွက် ခင်ဗျားကိုပဲ အပြစ်ပုံချပါရစေ။ ခင်ဗျား တကယ်ရက်စက်တယ် မစ်စတာတိုင်းမ်။