ဘုရားတွေဖူးတိုင်း ခေါင်းလောင်းလေးတွေကို
သတိထားကြည့်ဖြစ်တယ်။
အာရုံထားပြီး နားထောင်ဖြစ်တယ်။လှူတိုင်းလည်း ဆုတွေအများကြီး မတောင်းချင်ပါဘူး။
တစ်ခုပဲ။
မိသားစုအတွက်
အသေးဆုံးဆည်းလည်းလေး ဖြစ်ချင်ခဲ့တာ။
ကျနော့်တည်ရှိဖြစ်တည်မှုဟာ
အသံချိုချိုတွေပဲ ထုတ်လွှင့်ပေးသူ ဖြစ်ချင်တာပါ။ဆုတောင်းမှာတောင် လောဘနည်းခဲ့သူပါ။
ဒီတစ်ခုပဲဆိုကာမှ
အခုတော့ဗျာ………။