ဟာလာဟင်းလင်းနေ့ရက်များပါပဲ။
အဲ့ဒီ့အစား စိတ်ဓါတ်တွေပဲကျနေလိုက်ချင်တယ်။
အောက်ဆုံးထိ ကျပြီးရင် တစ်စုံတစ်ခုနဲ့ ထိတွေ့မယ်။
ရိုက်ခတ်အားနဲ့ အပေါ်ကို ပြန်တက်ချင်တက်လာမယ်။ဒါမှမဟုတ် အမွမွ ကွဲကြေချင်ကွဲကြေသွားနိုင်တယ်။ အဲ့ဒါမှ အသံလေးတစ်ခုတော့ ကြားရနိုင်သေးတယ်။ အခုဟာက ဗလာ။ အာကာသထဲမှာ အသံမဲ့လွင့်မျောနေရသလိုမျိုး။ ကိုယ်က ဦးတည်မှုတစ်ဖက်။ တခြားဒြပ်ဝတ္ထုတွေက လားရာတစ်ဖက်။ တိတ်တိတ်ဆိတ်ဆိတ် ဝေးကွာသွားရတဲ့ခံစားချက်ကြီးက ဗလာ။ အဲ့ဒီအစား စိတ်ဓါတ်ပဲ ကျနေလိုက်ချင်တော့တယ်။ ဟာလာဟင်းလင်းနေ့ရက်များပါပဲ။