ထာဝရ ( အပိုင်း ၁)

178 4 0
                                    

"ထာဝရ"
Two short😊

တပတ်တာရဲ့ အစဖြစ်တဲ့ ကျောင်းစဖွင့်တဲ့နေ့ကိုပြန်ရောက်လာခဲ့ပီ။ ကျွန်တော့်ရဲ့ ကျောင်းတော်ကြီးဆီကို ဒီနေ့မှ စောစောသွားချင်စိတ်ဖြစ်လာလို့ ထွက်လာလိုက်တယ်။ကျွန်တော် က စာမတော်ဘူး ဗျ စာလုပ်ရတာ အရမ်းပြင်းတယ်လေ။ တဖြည်းဖြည်းနဲ့ ကျောင်းသားတွေလည်းရောက်ခဲ့ပီ ဆရာမလည်းဝင်လာခဲ့ပီ။ ဆရာမနောက်မှာ ပါလာတဲ့ ကောင်လေးကို အမှတ်မထင်ကြည့်မိတဲ့ အချိန်မှာဘဲ

" သားတို့ သမီးတို့ ရေ ကျောင်းသားအသစ် ပါလာတယ်။မိတ် ဆက်လိုက်ဦးနော် သား"

"ကျွန်တော့်နာမည်က ရူဘီ ပါဗျာ။ ကျွန်တော်က ရန်ကုန်က ပြောင်းလာတာပါ ကျွန်တော့်ကို ကူညီ စောင့်ရှောက်ပေးကြ ပါလို့။ တွေ့ရတာ ဝမ်းသာပါတယ် ဗျာ"

ကျွန်တော် သူ့ကို ကြည့်နေမိခဲ့တယ် ကြည့်နေရင်း ရင်တွေက တဒိတ်ဒိတ် ကျွန်တော် သူ့ကို ရင်ခုန်နေတာလား ယောကျာ်းချင်းချင်းကိုလေ မဟုတ်နိုင်ပါဘူးလေ ဆရာမ စာမေးတော့မှာမို့ ရင်တွေတုန်နေတာနေမှာပါ။ ကျွန်တော့ဘေး လူရောက်လာလို့ လှည့်ကြည့်မိတော့ သူ...သူ..ရူဘီ က ဘေးနားတောင်ထိုင်နေပီ

"မင်္ဂလာပါ ငါ့နာမည်က ရူဘီပါ ခင်ခင်မင်မင်ရှိရအောင်နော်"

သူ့ အပြုံး အရမ်း အသက်ဝင်တယ် ကျွန်တော့်ကို ရင်ခုန်စေမိပီ

"အာ..ငါက ခေတ်ကို ပါ တွေ့ရတာဝမ်းသာပါတယ်နော်"

ဒီလိုနဲ့ကျွန်တော်တို့ တချိန်ပီးတချိန် သင်ခဲ့ကြတယ်
သူက စာအရမ်းကြိုးစားတယ် ဗျ ကျွန်တော်နဲ့ တခြားစီဗျ ညနေကျောင်းဆင်းချိန်ရောက်တော့ ကျွန်တော့် အကျင့်အတိုင်း လမ်းတွေကွေ့ပတ်သွားပီး အိမ်ပြန်နောက်ကျအောင်လုပ်နေမိတယ်
ကျွန်တော် အိမ် ရောက်လို့ အိမ်ထဲဝင်မယ်လုပ်တော့ သူ..ရူဘီ ဒီကို ဘယ်လိုရောက်နေတာလဲ..

"သား ခေတ်ကို ဒီကိုလာထိုင်ဦး။ သား အဖေ ရဲ့ သူငယ်ချင်းရဲ့ သားလေ သူက ဒီမှာ ကျောင်းတက်နေတဲ့ တလျောက်နေမှာတဲ့ သားအဖော်ရပီပေါ့"

အမေ ပြောတာတွေက သူ..က ..ဒီမှာ..နေ..နေမယ်
ရင်တွေခုန်ရပြန်ပီ သူနဲ့ကြမှ ဘာလို့ အဲ့လောက်ခုန်နေရတာလည်း

"သား..သား..ဒီနားလာထိုင်လေ"

"ဟုတ်ကဲ့ ဖေဖေ"

"ဒါက ကျွန်တော့်သားဗျ "

"တွေ့ရတာဝမ်းသာပါတယ် သားရေ ရူဘီ့ကို ဂရုစိုက်ပေးပါနော် ငါ့သူငယ်ချင်းကြီး ငါသွားပီနော်"

"စကားပြောတာလည်း အရမ်းကြာနေပီ နောက်မှတွေ့ကြတာပေါ့ကွာ"

ကျွန်တော် ကျွန်တော့အခန်းဆီ တက်လာခဲ့လိုက်တော့ ရူဘီ က အနောက်က တကောက်ကောက်လိုက်လာတယ်
သူ့ရှောင်ပါတယ် ဆိုမှ တဂယ်ဘဲ

"ရူဘီ ဘာလို့ လိုက်တာလဲ ငါ့အခန်းကို"

"ခေတ်ကိုရဲ့ မေမေက ခေတ်ကို နဲ့တူတူ တခန်းထဲမှာ ကုတင်နှစ်ခု ထားထားပေးတယ်ဆိုလို့ လိုက်လာတာပါ"

"အော် အာ့ဆို ဝင်ပါဦး ရူဘီ"

သူက အခန်းရောက်တာနဲ့ ရေချိုးခန်းထဲဝင်ပီး ရေမိုးချိုးကာ ထွက်လာတော့ စာတောင်ပြန်လုပ်နေပီ ကျွန်တော်က ဘာမှမလုပ်ပါလား

"ဟေ့ ခေတ်ကို စာမလုပ်ဘူးလား။ စာလုပ်လေ ငါနဲ့လာလုပ်ပါလား။

"အမ်...အင်း လာလုပ်မယ်လေ"

ကျွန်တော့်ပါးစပ်က စာလုပ်မယ်တဲ့
ဘယ်လိုထွက်သွားပါလိမ့်
သူနဲ့ အတူစာလုပ်ရင်း စားပွဲပေါ်မှာ အိပ်ပျော်သွားခဲ့ကြတယ် ဒီလိုနဲ့ တရက်ပီးတရက် တနှစ်ပီးတနှစ် စာတူတူလုပ် ကျောင်းတူတူသွား အတူတူအိပ်ဖြစ်တယ် ။ ကျွန်တော်လည်း စာအတန်အသင့်တော့ရလာခဲ့ပီ အဆင့်တွေလည်းတက်လာပီ စာတော်လာတဲ့အတွက် သူနဲ့အတူ နှစ်တိုင်း အရှေ့အခန်းတွေကို ပြောင်းရခဲ့တယ် ။ သူ့ကို ချစ်တဲ့ အချစ်တွေက လည်း တဖြည်းဖြည်းပိုတိုးလာခဲ့လေပီ။တနေ့တော့ သူ့ကိုဖွင့်ပြောရမယ် ။

တရက် သူနဲ့တူတူ ကျောင်းပြန်နေရင်း မိုးတွေရွာတော့ သူချမ်းမှာစိုးလို့ အနွေးထည်ကိုသူ့ကိုဝတ်ပေးလိုက်ကာ သူနဲ့တူတူ ထီးစောင်းပီ လမ်းလျှောက်လာခဲ့တယ် သူနဲ့တူတူ စာလုပ်ရန် ပစ္စည်းလေးဝယ်ပီး သူဆီပြန်လာရင်း ကျွန်တော် သူ့ကို ချစ်နေတာ ဖွင့်ပြောဖို့ ရင်တွေပိုတိုးလို့ ခုန်နေတာ အပြင်ကတောင် ကြားရနိုင်တယ်။ သူ့ဆီရောက်တော့
သူ့ရှေ့မှာရပ်ပီး ကျွန်တော်ပြောမိတာက

"ငါ မင်းကို ချစ်တယ် ရူဘီ"

...
....
.....

Final is coming☺☺

One Short & Two Short CollectionsWhere stories live. Discover now