စူး (One short)

50 1 0
                                    

အချိန် အားဖြင့် ည ၁နာရီ
လူတိုင်း အိပ်မော်ကျနေချိန်၊ လမ်းများတွင်လည်း လူသူကင်း မဲ့စွာ ခြောက်ခြားလျက်။
သို့သော် မိန်းခလေးတယောက် ရွာအဝင်တံခါး နားကနေ ပေါ်လာလေရဲ့။ ထို မိန်းခလေး ကို မည်သူမျှမမြင်ရပေ။ သို့သော် သရဲ မဟုတ် သူမ၏ စွမ်းအားဖြင့် သာ မမြင်နိုင်အောင်လုပ်ထားခြင်း ပင်။သူမ ရဲ့နာမည်မှာ စူး။
ရွာတလျှောက် ဖြတ်သွားရင်း သူမ ချစ်ရသူအိမ်လေး၏ ခြံလေးထဲ သို့ ဝင်သွားလေ၏။
ခြေဖွကာ ဝင်သွားပီး
ကလေး ကိုယ်ရောက်ပီ ဆိုပီး ဖွဖွလေး နမ်းလေရဲ့..
ိအနမ်းခံရတဲ့သူကလည်း မိန်းခလေးပင်😶

ပက်လက်လေး ရှိနေသော မိန်းခလေး ရဲ့ မျက်ခွံလေးများက ပိတ်နေပီး မျက်တောင်များက ကော့ကာ နှာတံလေးများ ဖြောင့်ဆင်းနေပီး ဆံပင်များလည်း မဲနက်နေသည်။

စူးရဲ့ လက်လေးများက ထိုမိန်းခလေး၏ ပါးနှစ်ဖက်ပေါ်သို့

"ကလေး...ကိုယ်ရောက်ပီ ထကြည့်ဦးလေ"

အောက်က မိန်းခလေး ၏ ခန္တာကိုယ်မှာ လှုပ်ရှားမှုမရှိ😐

"ကလေး..."

လက်များမှာ အောက်သို့ ဖြေးဖြေးချင်းဆင်းလာရာ ဗိုက်နားအရောက် စိုနေသည့် အဝတ်ကို ကိုင်မိတဲ့ အချိန်မှာ စူး ရဲ့ စွမ်းအားနဲ့ မီးထွန်းလိုက်တော့ ဒဏ်ရာဒဏ်ချက်များက သူမ၏ ကလေးပေါ်တွင်ရှိနေမှန်း သိလိုက်သည့် အချိန်မှာဘဲ

ကလေးရဲ့ သွေးခုန်ကြော ကို စမ်းကြည့်တော့ အသက်မရှိတော့ပေ။😑😑

ရှပ်..ရှပ်

"ဘယ်သူလဲ ထွက်ခဲ့!"

ထိုအချိန် အနောက်မှာ ပေါ်လာသော ယောကျာ်း နှစ်ယောက်

"နောက်ဆုံးတော့ မင်းပြန်လာပီဘဲ မင်းအသက်လေးက ငါတို့စားလိုက်ပီ ငါတို့ရဲ့လက်ဆောင်ကိုကြိုက်တယ်မလား"😏

ယောကျာ်းတယောက်၏ စကားသံအဆုံး တိုက်ခိုက်မှုများ၏ အသံမှာ ဆူညံစွာပေါ်ထွက်လာပေသည်။

စူး နှင့် ယောကျာ်း တယောက်သာ ကျန်ရှိသည့်အချိန်၌ စူးအင်မတန်အားကုန်နေသော်လည်း အသက်မရှိတော့သည့် ချစ်သူ မျက်နှာကိုမြင်ယောင်၍ တောင့်ခံထားဆဲ
ထိုအချိန်တွင်

"စူး မင်းသာ ငါနဲ့ တူတူနေမယ်ဆို မင်းရဲ့ အသက်လေး ကို ငါရှင်အောင်လုပ်ပေးမယ်
ဘယ်လိုလဲ"

"အရူးမို့လို့ လား။ ခဗျားလို လူနဲ့တော့ သေတောင်မနေဘူး။ ခများ ရှင်အောင်မလုပ်ပေးလဲ ကျမ လူတွေရှိပီးသားပါ"

"စူး မင်းသာ လိမ္မာလိုက်စမ်း ပါ။ မင်း လိမ္မာလိုက်တာနဲ့ အကုန်ဖြစ်စေရမယ်။"

"ဟက် ကျမလို ဘုရင်မ ကို ရှင် ရသွားရင် ရှင်က ကျမတိုင်းပြည်ရဲ့ ဘုရင်နေရာယူပီး ကျမ ရဲ့ပစ္စည်းတွေကို သနားတဲ့အနေနဲ့ ခံစားစေမယ်ပေါ့
ဒါမယ့်လေ ကျမ ရဲ့ ကလေးက ကျမတိုင်းပြည်မှာ ဘုရင်မ ဖြစ်ပီး ကျမ က ဘုရင်ဖြစ်နှင့်နေပီ ရှင်လာမယ်ဆို ကျမ ရဲ့ အစေခံ ဘဲဖြစ်လာလိမ့်မယ်။ ရှင် ဘုရင်ဖြစ်ချင်ရင် ကျမကို ရအောင် သတ်လိုက်ပါလား"

"မင်းက အကြောရှည်တာ ဘဲ စူး"

တယောက်နဲ့ တယောက် စတင်တိုက်ခိုက်ရမှ

အချိန်ကြာ လာလေ အထိ အခိုက်များလာလေ

စူးလည်း ဒဏ်ရာများကြောင့် အားများဆုတ်ယုတ်လာသလို ဟိုဘက်ယောကျာ်းသည်လည်း အားလျော့လာသော ဟန်ဆောင်နေဆဲ

ထိုအချိန်၌ တဖက်လူ၏ ထိုးချက်ကြောင့် သူမ ၏ ချစ်ရသူအပေါ် ပစ်ကျသွားသည်

"အ..ကလေး.."

"ဘယ်လိုလဲ မင်းရှုံးနေပီ ဆက်သွားချင်သေးလား"

"ငါ ဘယ်တုန်းက ရှုံးသေးလို့လဲ"

စူးရဲ့ လက်များသည် သူမရဲ့ ဆံထိုးကို ယူ၍ တဖက်လူ ကို ကန်ကာ နှလုံးတည့်တည့်ဖောက်လိုက်လေသည်

"မင်း..အ."

"ငါ့ကလေးတွက် လက်စားချေတာဘဲ။ ကောင်းကောင်းမွန်မွန် ငရဲကို သွားပါ"

စူးလည်း မတ်တပ်ရပ်ရင်း သူမကလေး ခန္တာကိုယ်ကို မချီရင်း ပျောက်ကွယ်သွားလေသည်

....

တဖက် မှာလည်း ဘုရင်မလောင်းလေးအား ပြန်ရှင်သန်လာစေရန် အားထုတ်နေကြသော်လည်း အရာမထင် တယောက်ပီး တယောက်လက်လျှော့နေကြပီဖြစ်သည်။

"ထားလိုက်တော့ မောင်မင်းတို့သွားလို့ရပီ"

လူအစုံ ထွက်သွားတော့မှ
ချစ်ရသူ ၏ နှုတ်ခမ်း အား နမ်းရင်း..
အလောင်းအား ပုပ်မသိုးစေရန် ဆေးလေးကို ထည့်လိုက်ကာ..

"ကလေး ရဲ့ ခန္တာကိုယ်ကို တော့ ပေးမသွားနိုင်ဘူး
ကိုယ် အတ္တကြီးပါရစေ"

..........

One Short & Two Short CollectionsWhere stories live. Discover now