နောက်ဆုံးတော့ လူကြီးနဲ့ ထပ်တွေ့ဆုံရတော့မယ်
ကျနော်ရဲ့ ချစ်ခြင်းတွေကို ဖော်ပြခွင့်ရတော့မယ်
ကျနော်ဟာ ခဗျားကြီးကိုဘဲ အရူးအမူးချစ်နေကြောင်း ပြောပြရတော့မယ်
ကျနော့်ရဲ့ အိမ်မက်တွေကိုလဲ ပြောပြချင်မိနေပြီ
......
ဒီနေ့တော့ အခြားနေ့တွေ ထက် ပိုပြီး စောစောထနေမိတယ်။ ကျနော့် အတွက် ထူးခြားတဲ့နေ့ကို..
ရေမိုးချိုးပြင်ဆင်ရင်း...သူနဲ့တွေ့ရင်သင့်တော်မယ့်အဝတ်ကိုရွေး၊
ထုတ်လိုက် ဝတ်လိုက် ကြည့်လိုက် ချလိုက် နဲ့ သံသရာလည်နေသောမိမိထိုစဥ်
ဒီ...ဒီ...ဒီ...
စားပွဲပေါ်မှာရှိနေတဲ့ ဖုန်းကိုပြေးကိုင်ရင်း
"ဟယ်လို လူကြီး။
ရောက်နေပီလား.....
အခုထွက်လာခဲ့မယ် အဲ့မှာဘဲစောင့်နေနော်။"ရောက်နေပြီတဲ့ အရာရာတိုင်း စောစောရောက်နေအောင်သွားတဲ့ငါက သူနဲ့ကြမှ နောက်ကျတတ်နေပြီ
တဖက်က ဆံပင်ကိုအမြန်လုပ် ၊
နောက်တဖက်က သူ့ကိုပေးမယ့် လက်ဆောင်ကို အိတ်ထဲထည့်။ ပြင်ဆင်ပြီးသွားတဲ့အဆုံး
ကားမှတ်တိုင်ဆီကို အပြေးသွား၊ လိုရာမှတ်တိုင်ရောက်လေတော့လည်း သူရှိမယ့်နေရာကို အပြေးလေးသွားမိတယ်။ သူ့ကိုတွေ့ဖို့ ကျနော်ပြာယာခတ်နေမိတယ်ဆို သူများ ယုံလေမလား။ မယုံလောက်ဘူး
ထင်တယ်။ဟော တွေ့ပါပြီ။ အနီလေးနဲ့ ဝတ်ထားတဲ့သူက ကျနော့်ကောင်လေးပေါ့။ သူက ကျနော့်ကို မမှတ်မိဘူးထင်ပါတယ်။ သူရှေ့ ခပ်လှမ်းလှမ်းကနေ ပြုံးပြနေတာတောင် မပြုံးပြဘူး။
တဖြည်းဖြည်းနီးကပ်လာတော့ ကျနော့်ကို မှတ်မိသွားပြီထင်ပါရဲ့ ကျနော့်ဆီကိုပြုံးပြရင်း ဆွဲခေါ်ပါလေရော။ သူ့ဘေးမှ သူငယ်ချင်းတွေပါလာတာဘဲ။ မိန်းခလေးတယောက်ကပါသေးတယ်။ မိန်းခလေးတွေ့လိုက်တည်းက မရတော့ဘူး သူ့နားကနေမခွာဖို့ ဆုံးဖြတ်မိလိုက်ပြီ