"ထာဝရ"
Final
သူ ကျွန်တော့်ဘေးနားကို ပြန်မလာခဲ့ဘူး။အဲ့နေ့က
ကျွန်တော် ချစ်တယ်လို့ပြော လိုက်တော့ သူ..သူ..က"မင်း ...ဘာတွေလျှောက်ပြောနေတာလဲ ငါတို့က
အထက်တန်းဘဲရှိသေးတာကို မင်း ဟာလေ စကားရှိတိုင်းလျှောက်မပြောရဘူးလေကွာ""ငါ လျှောက်မပြောဘူး ရူဘီ ငါ..ငါ..မင်းကို စတွေ့ ကတည်းက ချစ်မိတာ..ငါ လျှောက်ပြောနေတာ မဟုတ်ဘူး.. အထက်တန်း အရွယ်မို့ စိတ်ကစားနေတာလို့မပြောနဲ့ ငါက စိတ်ကစားနေတာမဟုတ်ဘူး အမှန်တကယ် ချစ်မြတ်နိုးလို့ပါ ရူဘီ..ရူဘီ.."
"ငါ မင်း ကို စိတ်ပျက်မိတယ် ခေတ်ကို...ငါ..သွားနှင့်ပီ မင်းကို ထပ်မတွေ့ချင်ဘူး"
အဲ့လိုနဲ့ သူ မိုးရေထဲပြေးထွက်သွားခဲ့တယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ သူ ကျွန်တော့်ကို စကားမပြောလာ နောက်၂ရက်နေတော့ သူ ကျွန်တော့် ကို အပီးတိုင်ထားသွားခဲ့တယ်။
အခုဆို သူထား ခဲ့တာ ၁၀နှစ်ရှိပီ။ ဒီကြားထဲ ကျွန်တော်ကျောင်းပီးတော့ အင်ဂျင်နီယာကျောင်းတက်ခဲ့တယ်။masterဘွဲ့တွက်စာမေးပွဲဖြေခါနီး ကျွန်တော် အရမ်းနေမကောင်းဖြစ်ပီး ဆေးရုံတက်လိုက်ရခံမှ ဦးနှောက် ကင်ဆာဆိုတာ သိလိုက်ရတယ်။ ကျွန်တော် တို့ နယ်မြို့က ဆေးရုံ ကလည်း ဆေးဝါးမစုံတာရယ် ပစ္စည်းမစုံတာရယ်ကြောင့် အသက်ရှင်မယ်ဆို အနည်းဆုံး ၃ ၄ နှစ်မဟုတ်ရင် အလွန်ဆုံး ၅ နှစ်ပေါ့ အခုဆို ကျွန်တော် တချို့ အရာတွေ မေ့လာပီ ကျွန်တော် သူနဲ့ပတ်သက်တဲ့အရာတွေကို မမေ့ချင် မေ့လို့မဖြစ်ဘူးလို့သာ တွေးရင်း သူနဲ့ကျွန်တော် နဲ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေကို ရေးထားတဲ့ စာအုပ်ကို နေ့ရောညပါ ဖတ်နေမိတယ်။ ကျွန်တော်..ဖတ်နေရင်း အိပ်ပျော်သွားခဲ့တယ်..From rubi pov
ခေတ်ကို ဆိုတဲ့ ကျွန်တော်ကြိတ်ချစ်ခဲ့ရသူကို ကျွန်တော် ထားခဲ့တာ ၁၀နှစ်ရှိနေပီ သူကျွန်တော့်ကို ချစ်တယ်လို့ ပြောတဲ့နေ့က ကျွန်တော် အရမ်းပျော်နေခဲ့မိတယ် ရင်တွေလည်း ခုန်နေမိတယ် ဒါမယ့် လူ့အသိုင်းအဝိုင်းက ဒီလို ယောကျာ်းလေးချင်းကြိုက်တာကို ကဲ့ရဲ့ကြလိမ့်မယ်။ သူ့တွက် တွေးပီး ကျွန်တော် သူ့ကို စိတ်ပျက်မိတယ်လို့ပြောပြီး သူ့ဘေးက ဝေးရာအရပ်ကို ထွက်လာခဲ့မိတယ်။ ကျွန်တော် ကြီးလာလို့ အရာအားလုံး အဆင်ပြေလာရင် သူ့ဆီပြန်လာခဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် ထားခဲ့တာ ၁၀နှစ်ရှိပီ။ ကျွန်တော် ဆေးကျောင်းတက်ခဲ့တယ် ။ ဆေးကျောင်းလည်းပီးတော့ ကျွန်တော် အစိုးရဆေးရုံ မှာ ဝင်လုပ်တော့ ခေတ်ကိုဆိုတဲ့ ကျွန်တော် ရင်နှင့်တမျှ ချစ်ရတဲ့ သူ့ရဲ့ နယ်မြို့လေးမှာ တာဝန်ချခံရခဲ့တယ်။ ကျွန်တော် သူနဲ့ပြန်တွေ့ရတော့မှာ မို့အရမ်းပျော်ခဲ့မိတာ..သူ ဘာတွေဖြစ်နေမှန်းမသိခဲ့ဘဲနဲ့လေ..