At 3:00pm,
အရင်ရက်တွေကဆို စောစောပြန်လာလေ့မရှိပေမဲ့ ဒီရက်ပိုင်း ဘာကြောင့်မှန်းမသိ အိမ်ကိုပဲပြန်လာချင်နေသည်
သူမလေးကိုပဲ အမြဲတွေ့ချင်နေတာလား ကိုယ့်ကိုကိုယ်လည်းမသိတော့ဒီနေ့လည်းအလုပ်တွေ အမြန်လက်စသတ်ပြီး အိမ်ကိုသာ တန်းမတ်စွာပြန်လာခဲ့လိုက်သည်
အနေနီးတာကြာတော့ သူမလေးကို အတော်လေးသံယောဇဉ်တွယ်လာမိသည်နဲ့တူသည်
ကျနော်သူတစ်ပါးရဲ့ ဂရုစိုက်ကြင်နာမှုကိုမရခဲ့တာ ommaဆုံးသွားပြီးထဲကပါ
သို့သော် သူမလေးနဲ့တွေ့တော့ ကျနော့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လွန်းသည်
ကျနော်မျက်နှာပျက်နေလျှင်သူ့မှာ လူကို တကြည့်ကြည့်နဲ့ စိတ်ပူနေတတ်သေးသည်
အလုပ်အကြာကြီးလုပ်ရတဲ့ညတွေဆို ကျနော်ကြိုက်တဲ့စားစရာတွေလုပ်ပေးနဲ့ အနားမှာ စာဖတ်ရင်းထိုင်စောင့်ပေးနဲ့ အတူနေပေးတတ်သည်သို့သော် အနေသာနီးတာပါ အခုထိ ဟုတ်တိပတ်တိမရင်းနှီးသေး.....
ဟော ကျနော့်အတွေးထဲ ဘယ်လောက်ထိနေရာယူထားလဲဆို ပြန်လာတဲ့ လမ်းတစ်လျှောက်လူံး အိမ်ရောက်တဲ့ထိ သူမလေးအကြောင်းချည်းတွေးနေတာပင်
အခုလည်းကြည့် ကျနော်ပြန်လာတော့မယ်မှန်းသိလို့ ခြံဝင်းထဲထွက်ကာ ပန်းခြံထဲက ခုံမှာ ထိုင်နေသည်လေ
ကျနော်ကားပေါ်ကဆင်းလာတော့ အနားရောက်လာတာမို့
" အိမ်ရှေ့မှာဘာလုပ်နေတာလဲ ''
" ဟို.....ပျင်းလို့ ထွက်ထိုင်နေတာ....''
" ကိုယ့်ကိုစောင့်နေတာမဟုတ်ဘူးလား ''
" ahh မဟုတ်ပါဘူး.....lu ပျင်းလို့ အပြင်ထွက်နေတာ ''
တခါတလေကျ သူမလေးရှက်သွားအောင် နောက်ရတာလည်း ပျော်ဖို့ကောင်းသားဗျ
တခုခုပြောလိုက်လို့ ရှက်သွားရင် နားရွက်လေးနှဖက်ရဲပြီး ခေါင်းကိုဖော်မလာတော့
YOU ARE READING
NOTHING WITHOUT U (Rated+++)
Fanfictionချစ်ရတဲ့သူရှိနေပြီ ဖြစ်သော်လည်း ကျွန်တော့်ဘဝထဲကို xiao luhan ဆိုတဲ့ မိန်းကလေးဝင်ရောက်လာသောအခါ.....