Part 18

8.8K 400 14
                                    

" က​လေး....နာေ​န​သေးလား ''

ကျ​နော်​အခန်းထဲဝင်​လာ​တော့ အိပ်​​နေရင်းက တဖက်​ခြမ်းကို ​ကျောခိုင်းသွား​လေရဲ့

က​လေး ကျ​နော့်​ကို စိတ်​ဆိုး​နေတာ....

ခြေကျင်းဝတ်​က ပတ်​တီးအဖြူ​လေးကို မြင်​​တော့ စိတ်​မ​ကောင်းဖြစ်​ရပြန်​သည်

" က​လေး....''

ယူလာတဲ့ ​ဆေးနဲ့ ​ရေခွက်​ကို ကုတင်​​ဘေးက စားပွဲခုံ​လေး​ပေါ်တင်​ကာ သူမ​ဘေးဝင်​ထိုင်​ရသည်

" က​လေး...အိပ်​​နေတာလား ''

" ••••• ''

" က​လေး ကိုယ်​မှားသွားပါတယ်​ကွာ.....​နော်​......ကိုယ်​​တောင်းပန်​ပါတယ်​က​လေးရာ ''

" ••••• ''

* က​လေး က​လေး ပဲ ​ခေါ်​နေတာပဲ *

မျက်​လုံးကို အတင်းမှိတ်​ထားတာမို့ သူမပါး​ဖောင်း​ဖောင်း​လေးကို ဖွဖွနမ်း​လေ​တော့ မျက်​လုံး​လေးပွင့်​လာ​သည်

" နိုးပြီလား ''

" အစထဲကမှ မအိပ်​တာ ''

" aigoo.....က​လေး​လေးက ကိုယ့်​ကိုစိတ်​ဆိုး​နေတာပဲ.....''

" 😒 ''

" ထပါဦးကွာ....​ဆေး​သောက်​ရဦးမယ်​​လေ ''

သူမ​လေးကို ဆွဲထူကာ ဖြည်းဖြည်းချင်းထ​စေပြီး

" မ​သောက်​ဘူး ''

ဆေး​တွေကိုတလုံးချင်း​ဖောက်​​နေရင်းက

" မ​သောက်​ရင်​ ​ခြေ​ထောက်​က ​ရောင်​ပြီးအကြီးကြီးဖြစ်​ပြီးနာ​နေမှာ​နော်​ မ​ကြောက်​ဘူးလား ''

" O﹏o....မ...မ​ကြောက်​ပါဘူး....''

"မ​သောက်​ရင်​ အရမ်းကိုက်​​နေမှာ.....တကယ်​မ​သောက်​ဘူး​ပေါ့ ''

" မ​သောက်​ဘူး ''

" ပြီး​ရော​လေ.....သွားလွှင့်​ပစ်​လိုက်​​တော့မယ်​ ''

" အာ.....​ပေး....​သောက်​မယ်​ နှ​မြောစရာကြီးကို ''

လူလည်​မ​လေး ​နာမှ​ကြောက်​​တော့လည်း ​နှ​မြောချက်​​ယောင်​​ဆောက်​ပြီး ​သောက်​ရတာ​ပေါ့
လက်​ထဲက​ဆေးကို အတင်းဆွဲယူပြီး ပါးစပ်​ထဲထည့်​လိုက်​သည်

NOTHING WITHOUT U (Rated+++)Where stories live. Discover now