မနေ့ညကသူလာမအိပ်ခဲ့ပါ ဒါပေမယ့် သူ့အနံတွေဆွဲနေတဲ့အိပ်ယာလေးပေါ်မှာ
၁ခါလောက်အိပ်လိုက်ရတော့ကျေနပ်ပါတယ်
မနက်မိုးလင်းတော့လည်း ပြန်မလာတာကြောင့် အဆောင်ပြန်မယ်လုပ်တော့
အရှေ့က ရဲမက်၂ယောက်ကလက်နက်နဲ့တားတယ်
"ဘာလုပ်နေတာလည်း
"မိဖုရား ကျွန်တော်တို့တောင်းပန်ပါတယ် မယ်တော်ကြီးက
မိဖုရားနဲ့ မင်းကြီး အတူတူ မအိပ်ရသေးမချင်းအဆောင်ကမထွက်ခိုင်းပါဘူး
"ဘာ!! ဖယ် ငါမယ်တော့ကိုသွားမေးမယ်
"တောင်းပန်ပါတယ် ဖယ်လို့မရပါဘူး မင်းကြီးပြန်လာတာကိုစောင့်လိုက်ပါ
ဝူအော့စိတ်ပူမိသည် ဒီနေ့ သူအကိုကျောက်ရိဖန်နဲ့ချိန်းထားတာကြောင့်
"တော်ဝန် ဒီနေ့ငါသူ့ကိုချိန်းထားတယ်
"ဗျာ အဲ့ဆို
"အင်း မင်းသွားပေးမလား
"ဒါပေမယ့်
"လုပ်ပါ ငါကထွက်လို့မရဘူးလေ ဒါပေမယ့် မင်းကရတယ် ကူပါကွာ
"ကောင်းပါပြီ တက်နိုင်သလောက်တော့ကြိုးစားကြည့်ပါမယ်
မယ်တော်ကြီးအမိန့်နဲ့ ဝူအော့ အဆောင်အပြင်တောင်ထွက်ခွင့်မရတာကြောင့်
မုန့်စားလိုက် အိပ်လိုက် အစောင့်တွေကို မုန့်လှမ်းကျွေးလိုက်ပဲလုပ်နေလိုက်တယ်
တော်ဝန်စီကနေ ကျောက်ရိဖန် ခေတ္တခဏ ခရီးထွက်မယ်ကြားတာကြောင့်
သွားပြီးနှုတ်ဆက်ချင်ပေမယ့် မိမိအခြေအနေမှာပင်မလွတ်နိုင်တာကြောင့် မနှုတ်ဆက်လိုက်ရဘူးလေ
၂ရက် ၄ရက် ၁ပတ် ကြာမြင့်ခဲ့ပြီ မင်းကြီးနန်းဆောင်ကိုလုံးဝလာမအိပ်ပေ အဲ့ဒါကြောင့်
"တော်ဝန်
"ဟုတ် မိဖုရား
"သွားမယ်
"ဟင်?
"နန်းတော်ကထွက်သွားမယ်
"ဟင် မိဖုရား မိဖုရားတွေကဒီအတိုင်းထွက်လို့မရဘူးလေ
YOU ARE READING
Boy with sweet voice
Historical FictionLight ရဲ့ Season 3ပါ ဒါပေမယ့် Light ရဲ့ Main Characterတွေက ဒီ Ficထဲမှာပါတော့မှာ မဟုတ်တာကြောင့် ဒီ Ficထဲကကောင်လေးတွေကိုပဲ ဦးစားပေးပြီး " Boy with sweet voice " လို့ ရေးလိုက်တာပါ ^^အားလုံးကြိုက်မယ်လို့လည်း မျှော်လင့်ပါတယ် မကြိုက်လည်း သည်းခံပြီးဖတ် :P...