ရန်တိုင်းပြည်ကိုအပြန်လမ်းမှာ ဝူအော့အကြံကြောင့် တိုက်ခိုက်ချင်ဟန်ဆောင်ကာ
ရန်ပင် ဒဏ်ရာရသလိုလုပ်ပြီး လှည်းထဲမှာ
ပင်းအော်နဲ့၂ယောက်ထဲရှိတော့တဲ့အကြံအောင်မြင်သွားခဲ့ပြီလေ
"အ!
ကိုယ့်ဘာသာကိုယ်ဓားနဲ့ထိုးလိုက်ပေမယ့်
သူပြုစုတာပိုခံချင်လို့ နည်းနည်းနက်အောင်ထိုးလိုက်တော့ အခုဆေးကြောင့်စပ်နေပြီလေ
"နာသွားလား တောင်းပန်ပါတယ်နော်
ကျွန်တော်နာသွားလို့စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်
ကျွန်တော့ကို မျက်နှာငယ်လေးနဲ့ ဆေးလေးတို့ပေးလိုက်
စပ်မှာဆိုးလို့ နှုတ်ခမ်းလေးနဲ့လေမှုတ်ပေးလိုက်လုပ်နေတယ်
တကယ်အသည်းယားဖို့ကောင်းအောင်သက်သက်လုပ်နေသလားပဲ
"ဟင့်အင်း မင်းလုပ်ပေးနေလို့ ငါမနာဘူး
"ဟာ ဘာတွေပြောနေတာလည်း
"မင်းရဲ့ ဒီချိုမြိန်လှတဲ့ဒီနှုတ်ခမ်းလေးနဲ့ငါ့ကို မှုတ်ပေးနေတာကို (Au: အနာကိုပြောတာနော်)
"မင်း မင်းကြီးကလည်း
"ကိုယ့်ကို မင်းကြီးလို့မခေါ်ပဲ ရန်လို့ပဲခေါ်ပေးပါလား
"ဗျာ
"တောင်းပန်ပါတယ် ဟိုနေ့ကမင်းကိုအော်ခဲ့မိလို့ မင်းစိတ်ဆိုးသွားတယ်ဆိုတာသိတယ်
အဲ့ကြောင့် စိတ်မဆိုးတော့ပါနဲ့နော် မင်းစိတ်ဆိုးရင် ငါကိုယ်တော်မနေတက်လို့ပါ
"ဘာ ဘာတွေပြော ဘယ်ဘယ်ကိုတိုးလာတာလည်း
"ကိုယ်တော်မင်းကိုပြောစရာရှိတယ် ၂ကိုယ်ကြညးပြောရမှာမို့လို့ မင်းလေးနားကပ်လာတာလေ
"ဟာဗျာ လှည်းထဲမှာလည်းဘယ်သူမှမရှိဘဲနဲ့ ဟာ အရမ်းမကပ်နဲ့လေ
လက်သေးသေးလေးတွေနဲ့ တွန်းနေတဲ့သူ့လက်၂ဖက်ကို လက်၁ဖက်နဲ့ချုပ်ကိုင်လိုက်ပြီး
သူ့ခေါင်းကိုနောက်၁ဖက်နဲ့ကိုင်ကာ ရှောင်လွှဲနေတဲ့မျက်နှာလေးကို မရှောင်နိုင်အောင်ချုပ်ကိုင်လိုက်တယ်
ESTÁS LEYENDO
Boy with sweet voice
Ficción históricaLight ရဲ့ Season 3ပါ ဒါပေမယ့် Light ရဲ့ Main Characterတွေက ဒီ Ficထဲမှာပါတော့မှာ မဟုတ်တာကြောင့် ဒီ Ficထဲကကောင်လေးတွေကိုပဲ ဦးစားပေးပြီး " Boy with sweet voice " လို့ ရေးလိုက်တာပါ ^^အားလုံးကြိုက်မယ်လို့လည်း မျှော်လင့်ပါတယ် မကြိုက်လည်း သည်းခံပြီးဖတ် :P...