Boy with sweet voice 21(Zaw+Uni)

5.4K 274 1
                                    

ညဘက် အဆောင်၁ခုဟာ မီးတွေနဲ့ထိန်းလင်းလို့နေတယ်

ထိုအဆောင်ထဲမှာ အနီရောင်ဝတ်စုံလေးဝတ်ကာကောင်လေး၁ယောက်ထိုင်လို့နေတယ်

ထိုအခန်းအပြင်မှာဘယ်သူမှတော့မရှိပေ

ထိုအချိန် အခန်းထဲဝင်လာသူကြောင့် မျှော်လင့်တကြီးကြည့်လိုက်သော်လည်း

မျက်နှာမကောင်းစွာနဲ့ဝင်လာသော မင်းသားဝူကိုသာမြင်လိုက်ရသည်

"မင်းသား

"ပင်းအော် ငါတောင်းပန်ပါတယ် ငါ ငါတွက်တာလွဲသွားတယ်

"ဘာကိုလည်းမင်းသား

"ဒီည မင်းစီကို အ အကိုတော် မလာနိုင်တော့ဘူး

"အော် ဟုတ်လား

"တောင်းပန်ပါတယ် ကွာ ငါ ငါထင်တာ မင်းကိုသူလာကြည့်မယ်ထင်ခဲ့တာ ဒါပေမယ့်

"ရပါတယ် မင်းကြီးရန်က ယောက်ျားလေးပဲလေ ဘယ်လိုပဲ မိဘတွေက ယောက်ျားချင်းကြိုက်နေတဲ့းသူဖြစ်ပါစေ သူ့ဆန္ဒကမိန်းမနဲ့ပဲလက်ထပ်ပြီး အေးဆေးနေချင်တာပေါ့လေ

"ပင်းအော် မင်းမခံစားရဘူးလား

"နာကျင်တာပေါ့ ငိုချင်တယ် ဖြစ်နိုင်ရင်သူ့စီသွားပြီး ပြောလိုက်ချင်ပေမယ့် သူနဲ့ကျွန်တော်ကအရမ်းကိုကွာလွန်းတယ် မဖြစ်နိုင်တာကိုမမျှော်မှန်းခဲ့သင့်ဘူး ကိုယ့်အဆင့်ကိုယ်သိခဲ့သင့်တာ

"ပင်းအော်

"မင်းသားအခုလိုဆေးတွေအထိပြင်ဆင်ပေးထားတာကျေးဇူးပါ အခုအဲ့ဒါတွေကမလိုတော့ဘူးလေ ပြီးတော့

စကား၁ခွန်း ဟုတ်တယ် မမျှော်လင့်ခဲ့တဲ့စကား၁ခွန်းကိုပင်းအော်စီကကြားလိုက်ရတယ်

"ပြီးတော့ ဒီည မင်းကြီးအဆောင်သွားပြီးအဲ့ဆေးတွေကိုပေးချင်တယ်

"ပင်းအာ် မင်းရူးနေလား

"ကျွန်တော်ကမင်းကြီးရဲ့ အရင်တုန်းကသမားတော်လေ မထွက်သွားခင်တော့ ဂရုစိုက်ချင်သေးတယ်

"မင်းငါနဲ့ပြောထားတာကိုပြောတာဆိုမေ့လိုက် ငါမင်းကို ရှင်းတိုင်းပြည်ခေါ်သွားမှာမဟုတ်ဘူး

Boy with sweet voiceDonde viven las historias. Descúbrelo ahora