Six ကမ္ဘာမှကြိုဆိုပါ၏။ ဆက်မဖတ်ခင်ဒါလေးမကျော်သွားဖို့ မေတ္တာရပ်ခံချင်ပါသည်။ ကျေးဇူးတင်ပါတယ် ။
Title - SIX
Author - invisible_clover
Year - 2018 to 20--
Language - Burmese
Length -
Start - 22.10.18
Novel type - system novel, Sci_fi, dimensions traveller, rebirth, supernatural, including homosexual theme
Warning - သွေးထွက်သံယိုများ၊ အော့အန်ချင်စရာဇာတ်ကွက်များ၊ လူမှုရေးဖောက်ပြားမှုများ၊ ခေတ်ကာလနှင့်မဆီလျော်သောအတွေးအခေါ်များ ၊ လိင်ပိုင်းဆိုင်ရာ ဖော်ညွှန်းမှုဇာတ်ကွက်များပါနိုင်သဖြင့် ကိုယ့်ဆင်ချင်သုံးသပ်နိုင်စွမ်းဖြင့်ဖတ်ကြပါရန်။
Summary:
《ငါသေသွားခဲ့တယ် အကြိမ်ပေါင်းများစွာပဲ။ ငါ့သေဆုံးခြင်းမှာမနာကျင်ဘူးရယ်လို့မရှိခဲ့ဘူး...ဘယ်သူ့သေဆုံးခြင်းကများညင်သာပါလိမ့်မလဲ? အချိန်တွေအကြာကြီး ဒီကမ္ဘာအတုထဲမှာဖြတ်သန်းပြီးနောက် ငါ့ကိုယ်ငါဘယ်သူမှန်းတောင်မေ့သွားခဲ့ပြီ။ ငါဟာ ယောက်ျားလား? မိန်းမလား? လူလား? Visual ပုံရိပ်တစ်ခုလား? ရှင်သန်ဖို့လား? မွေးဖွားဖို့လား?
ငါ့ခေါင်းထဲမှာရှိနေတာ - တာဝန် ၊ တာဝန် ၊ တာဝန်
"6''
System က ငါ့ကိုအဲ့လိုအမြဲခေါ်တယ်။ 》
Author's note -
System ဝတ္ထုရေးချင်နေတာအတော်ကြာပြီး plotချတာတင်လိပ်speedဖြစ်နေလို့ အခုမှအကောင်အထည်ဖော်နိုင်တယ်။
ရေးချင်လာတဲ့ဝတ္ထုပုံစံတွေကိုတစ်စုတည်းစုရေးချင်တဲ့ရည်ရွယ်ချက်။ စိတ်ကူးပေါက်တိုင်းခေါင်းစဉ်တပ်လိုက် chapter 1 ရေးပြီး draft နဲ့ပစ်ထားမယ့်အစား ဒီလို system ဝတ္ထုရေးလိုက်ရင် ငါရေးချင်တာကို တစ်အုပ်ထဲရေးလို့ရသားပဲဆိုတဲ့အတွေးဝင်လာတယ်။ ဒါကြောင့် ဒီ SiX ဆိုတဲ့ဝတ္ထုကိုဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်။
ဒီဝတ္ထုထဲမှာ ယောက်ျားနဲ့မိန်းမအချစ်ဇာတ်လမ်းလည်း ပါချင်ပါမယ် လိင်တူအချစ်ဇာတ်လမ်းတွေလည်းပါချင်ပါမယ်။ ရေးချင်တဲ့အချိန်ရေးမယ် 😆 ကိုယ့်အတွက်က စာရေးတာဟာ ဦးနှောက်ဝန်ထုပ်လျော့ချတာဖြစ်လို့ ပြည့်ကြပ်နေတဲ့အတွေးတွေ စာချရေးတာသက်သက်ပဲ။ ဒါကြောင့် ဝတ္ထုတစ်ပုဒ်ရေးရင်အရမ်းကြာတယ် ဘာလို့ဆို အိမ်မက်တွေမှာအဆုံးသတ်မရှိသလိုပဲ အတွေးတွေမှာလည်း အဆုံးသတ်မရှိတတ်ဘူးလေ။
ဒီလိုနဲ့ပဲ ဒီ 'Six' ကို ဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်။
//22-10-18//
YOU ARE READING
SIX【Own Creation】
AdventureThis is my own creation system story. ငါသေသွားခဲ့တယ် အကြိမ်ပေါင်းများစွာပဲ။ ငါ့သေဆုံးခြင်းမှာမနာကျင်ဘူးရယ်လို့မရှိခဲ့ဘူး...ဘယ်သူ့သေဆုံးခြင်းကများညင်သာပါလိမ့်မလဲ? အချိန်တွေအကြာကြီး ဒီကမ္ဘာအတုထဲမှာဖြတ်သန်းပြီးနောက် ငါ့ကိုယ်ငါဘယ်သ...