Arc [ 1 . 1] The cruelty game

3.5K 222 58
                                    

စက်​ဝန်း (၁) အကြင်​နာမဲ့စီးချင်း

အပိုင်း - ၁


မွှေးပြန့်​သည့်​ရနံ့ က သူ့အာရုံကိုနှိုးဆွ​နေသည်​။ ထိုရနံ့ထဲတွင်​ ​ရေနှင့်​ဓာတုပစ္စည်းများ​ရောပါ​နေသည်​ကိုလည်းသူသတိထားမိသည်​။

ရေ​မွှေး​လောက်​အနံ့မပြင်း ​ရေပါဝင်​မှုကများ​နေသည်​။

ဒါ air fresher အနံ့ပဲ။

သူမျက်​လုံးဖွင့်​လိုက်​​တော့ ပန်းနု​ရောင်​အခန်းနံရံနှင့်​ တစ်​ခန်းလုံးပြည့်​ပန်းနု​ရောင်​အဆင်​တန်​ဆာများကို​တွေ့လိုက်​ရသည်​။ ရုတ်​တရက်​ သူလက်​ကို​ရွေ့လိုက်​​တော့မို့​ဖောင်း​ဖောင်းအရာတစ်​ခုကိုစမ်းမိသည်​။ အထိအ​တွေ့ကခပ်​အိအိ။

မိန်းမခန္ဓာကိုယ်​?

သံပတ်​​ပေးထားသည့်​အရုပ်​နှယ်​ လှဲ​နေရာကထထိုင်​လိုက်​​တော့ ပန်း​ရောင်​ပိုနီမြင်းရုပ်​​လေးပါကုတင်​​ပေါ်ကပြုတ်​ကျသွားသည်​။

'Shit ဘာကိစ္စအန်​ချင်​စရာ​ကောင်း​အောင်​တစ်​​လောကလုံးပန်း​ရောင်​ဖြစ်​​နေရတာလဲ'

အ​မွှေးဖွ​ကော်​​ဇောကို​ခြေချလိုက်​သည့်​ ​ခြေဖဝါးကဖြူသွယ်​သွယ်​ခပ်​​သေး​သေး။ ဘဝတစ်​​လျှောက်​လမ်းမှအကြိမ်​တစ်​ရာပြည့်​​အောင်​​လျှောက်​ဖူးပါရဲ့လားဟု ​မေးယူရ​လောက်​​အောင်​ လမ်း​လျှောက်​လိုက်​သည့်​အခါတွင်​ပင်​ ယိုင်​နဲ့နဲ့ဖြစ်​​နေသည်​။

ရေချိုးခန်းမှန်​​ရှေ့​ရောက်​သည့်​အခါမှာ​တော့ သူထိုမျက်​နှာကိုရုပ်​​သေနှင့်​​ငေးကြည့်​​နေမိ​တော့သည်​။

"တကယ်​မိန်းမတစ်​​ယောက်​ပဲ''

မိတ်​ကပ်​​တွေရုပ်​ပျက်​ဆင်းပျက်​လိမ်းထားတဲ့ သူ​ဋ္ဌေးသမီးအရူးမတစ်​ဦး။

[666 - ဒီကမ္ဘာရဲ့ဇာတ်​​ကြောင်းကိုစတင်​ပို့​ပေးပါ​တော့မယ်​]

[ !!! ]

ထိုစဉ်​ System မှာ ရုတ်​တရက်​ ရပ်​သွား​လေသည်​။

You've reached the end of published parts.

⏰ Last updated: Feb 03, 2019 ⏰

Add this story to your Library to get notified about new parts!

SIX【Own Creation】Where stories live. Discover now