"သစ္စာဖောက်တွေကို ဒီစကြဝဋ္ဌာမှာအရှင်မထားနဲ့ သတ်!!"
ဆူညံတဲ့ပေါက်ကွဲမှုတွေဟာ နေရာတကာဖြစ်ပွားနေတယ်။ သူတို့ပြောတဲ့သစ္စာဖောက်ကဘယ်သူလဲ။
ငါကရောဘာလို့ပြေးနေတာလဲ။"အသာတကြည်အဖမ်းခံလိုက်တော့... မင်းမှာပြေးစရာလမ်းမရှိတော့ဘူး''
ဟုတ်တယ် ဆက်မပြေးနဲ့တော့လေ ဘာလို့ဆက်ပြေးနေတာလဲ။
ငါ့ကိုယ်ငါရပ်တန့်ဖို့ကြိုးစားပေမယ့် ငါ့မသိစိတ်ထဲကရှင်သန်ချင်နေတဲ့စိတ်ဟာ ခြေထောက်တွေကိုအဆက်မပြတ်လှုပ်ရှားစေတယ်။ ပြေးလာတဲ့လမ်းတလျှောက်ဟာဝေဝါးနေပေမယ့် ငါသိတယ် ဒါလူသေအလောင်းတွေပဲ။ သေဆုံးခြင်းဟာငါ့အတွက်ဘယ်တုန်းကမှ ကြောက်စရာမကောင်းခဲ့ဘူး။ ဒါပေမယ့် ငါဘာကြောင့်အသက်ရှင်ဖို့အလုအယက်ကြိုးစားနေရတာလဲ။ သေသွားရင်အရာအားလုံးပြီးကောင်းပြီးသွားနိုင်မှာကို..။
ရုတ်တရပ် ငါ့ရင်ဝမှာဗလာနတ္တိခံစားချက်နဲ့အတူ ငါ့ခြေလှမ်းတွေရပ်သွားတယ် ။ သွေးတွေတစက်စက်ကျနေတဲ့ဓားရှည်...။ ငါ့ မြင်ကွင်းထဲတရိပ်ရိပ်ပေါ်လာတဲ့ လူရိပ်တစ်ခု။
ဘာကြောင့်များ ဒီနှလုံးသားကမခံမရပ်နိုင်အောင်နာကျင်လာရတာလဲ။ ဘာကြောင့်ငါမျက်ရည်တွေကျနေမိတာလဲ။
ဒီအိမ်မက်ကြီးဆက်မမက်ချင်တော့ဘူး။
ရုတ်တရပ်ငါ့မျက်နှာဆီလှမ်းလာတဲ့ လက်ရိပ်မည်းတစ်ခု။
အိပ်ယာပေါ်က ဆတ်ခနဲထထိုင်လိုက်မိတော့ စောင်အနားစများကချွေးစတွေစိုနေတာ သူသတိထားမိလိုက်သည်။ ဦးခေါင်းထိပ်တွင်စည်းနှောင်ထားသည့် ဆံပင်စုကဖျောခနဲပုခုံးပေါ်ပြေကျလာ၏။ အသံရှူမြန်နေတဲ့ရင်ဘတ်ကိုအသာဖိပြီး မျက်စိမှိတ်ကာအစောကအိမ်မက်ကို ပြန်တွေးကြည့်မိတော့ ထူးဆန်းစွာပဲ ဘာကိုမှမမှတ်မိဘဲဗလာနတ္တိဖြစ်နေပြန်သည်။

ESTÁS LEYENDO
SIX【Own Creation】
AventuraThis is my own creation system story. ငါသေသွားခဲ့တယ် အကြိမ်ပေါင်းများစွာပဲ။ ငါ့သေဆုံးခြင်းမှာမနာကျင်ဘူးရယ်လို့မရှိခဲ့ဘူး...ဘယ်သူ့သေဆုံးခြင်းကများညင်သာပါလိမ့်မလဲ? အချိန်တွေအကြာကြီး ဒီကမ္ဘာအတုထဲမှာဖြတ်သန်းပြီးနောက် ငါ့ကိုယ်ငါဘယ်သ...